Fact Check: တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာတဲ့ သတင်းတု 

Misleading နိုင်ငံရေး | Politics

တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ 

ဒီဇင်ဘာ ၃၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။

“ထိုးစစ်အားလုံးရပ်ပြီး တပ်ဆုတ်ပြီ

တစ်နိုင်ငံလုံး ထိုးစစ်ရပ်မည်ဟု မင်းအောင်လှိုင်ကြေညာ”

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ 

Also read – Fact Check: တနိုင်ငံလုံးကတပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ လွတ်လပ်တဲ့အာရှအသံသတင်းဌာနက‌ ‌ဖော်ပြခဲ့တဲ့ “တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲကြိုဆိုနေကြောင်း စစ်ခေါင်းဆောင်ပြော”၊ “စစ်အာဏာရှင်တော်လှန်ရေး အချိန်မကြာဖို့ နိုင်ငံရေးလေ့လာသူတွေပြော”နဲ့ “နိုင်ငံရေးပြဿနာကို ရိုးသားမှုနဲ့ ပြေလည်အောင်ဆောင်ရွက်ဖို့ KNU တိုက်တွန်း”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

C:\Users\User\Downloads\Untitled၁.jpg

သုံးသပ်ချက်

တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကရင်အမျိုးသားနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲကြိုဆိုကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ကို ခေါင်းစဉ်တု တပ်ထားတယ်။

ပြောဆိုချက်- တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာ

Avatar

Title:Fact Check: တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *