Fact Check: စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်မှု ဗိုလ်လောင်း ၇၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

မန္တလေးတိုင်း ပြင်ဦးလွင်က စစ်တက္ကသိုလ် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။ 

ဇန်နဝါရီ ၁၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“မန္တလေး ပြင်ဦးလွင်က စစ်တက္ကသိုလ် (၁၀၇ မမ)

ရှော့တိုက်ဒုံး (၁၀၀)လုံးနဲ့ တိုက်ခိုက်ခံရ

ဗိုလ်လောင်း (၇၀၀)ကျော် ပွဲချင်းပြီးသေဆုံး”

C:\Users\User\Downloads\Firefox_Screenshot_2025-01-16T12-46-21.026Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်ပြီး တခါတရံ လုံးဝ လုပ်ကြံရေးသားချက်တွေကိုလည်း ဖြန့်ချိတာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar  ရဲ့ အချက်အလက်စိစစ်ကချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကပ်မှာ စစ်တက္ကသိုလ် ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ပြီးခဲ့တဲ့ နှစ် ဧပြီလထဲမှာ “The Voice Of Spring” ကဖော်ပြခဲ့တဲ့ “စစ်တက္ကသိုလ် DSA ကို မန္တလေး ပကဖ မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းသာဖြစ်တယ်။ ဒီတိုက်ခိုက်မှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး အရေအတွက် ဘယ်လောက်ထိခိုက်ခဲ့တယ်ဆိုတာ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

C:\Users\User\Downloads\Untitled11.jpg

သုံးသပ်ချက်

မန္တလေးတိုင်း ပြင်ဦးလွင်က စစ်တက္ကသိုလ် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော် သေဆုံးခဲ့တယ်ဆိုတာ လုပ်ကြံရေးသားမျှဝေထားခြင်းသာဖြစ်တယ်။ အမှန်တကယ်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ ရှော့တိုက်ဒုံး ၅ နဲ့ မန္တလေး ပကဖက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည် မျှဝေထားခြင်းသာဖြစ်တယ်။

Avatar

Title:Fact Check: စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်မှု ဗိုလ်လောင်း ၇၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

Written By: နေရာမောင်  

Result: False