Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ လားရှိုး လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ သဘောတူညီချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လားရှိုးကို လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာ တွေ့ရတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနှိမ်နင်းရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးလို့ ကြွေးကြော်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ MNDAA ဟာ တရုတ်အစိုးရ ဖိအားပေးအကြပ်ကိုင်မှုကြောင့် စစ်ကောင်စီနဲ့ ဒုတိယအကြိမ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးခဲ့ပါတယ်။

ဇန်နဝါရီ ၂၁ ရက်မှာ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်က စတင်ဖြန့်ဝေခဲ့ပြီး  ပျံ့နှံ့မှု အားကောင်း နေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“ဒေါ်စုနဲ့ လားရှိုး လှဲလှယ်ခဲ့ရဟု MNDAA ထုတ်ပြန်

တစ်နိုင်ငံလုံးအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့ဟုဆို

ဒေါ်အောင်ဆန်းစုကြည် မလွှတ်ရင် လားရှိုးကို NUG လက်ထဲအပ်မည်”

C:\Users\User\Downloads\Untitled.jpg

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း စစ်ကောင်စီနဲ့ တရုတ်နိုင်ငံမှာ ဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လားရှိုးကို လဲလှယ်ခဲ့ရတယ်လို့ MNDAA ကပြောတယ်လို့ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာနကဖော်ပြခဲ့တဲ့ “တရုတ်ညွှန်ကြားချက်နဲ့ “၀” ဒေသနဲ့ ကိုးကန့်ဒေသကို ကုန်စည်သယ်ဆောင်ခွင့် ပြန်လည်ခွင့်ပြု”ဆိုတဲ့ သတင်းကို ပြန်လည်‌ဖော်ပြနေခြင်းဖြစ်တယ်။ 

စစ်ကောင်စီနဲ့ MNDAA တို့ဟာ ဇန်နဝါရီ ၁၈ ရက်မှာ အပစ်ရပ်သဘောတူညီချက်ကို သဘောတူ လက်မှတ်ထိုး လိုက်ပြီဖြစ် တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေ သ‌ဘောတူညီခဲ့တယ်ဆိုတာတော့ ‌ဖော်ပြခြင်းမရှိပါဘူး။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးက တရားဝင် သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။ ဒါပေမဲ့ လေ့လာ စောင့်ကြည့်နေသူတွေကတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပထမအကြိမ်တွေ့ဆုံတုန်းကလို့  လားရှိုးမြို့ကနေ MNDAA တပ်တွေ ဖယ်ပေးဖို့၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ရေး စတဲ့အကြောင်းအရာတွေကိုပဲ ဆွေးနွေးကြလိမ့်မယ်လို့ ယူဆကြပါတယ်။ 

သုံးသပ်ချက်

တရုတ်အစိုးရ ဖိအားပေးမှုနဲ့ ပြုလုပ်တဲ့ စစ်ကောင်စီနဲ့ MNDAA အပစ်ရပ်စဲရေးသဘောတူညီချက်မှာ လားရှိုးကို စစ်ကောင်စီထံ ပြန်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ပါတယ်လို့ မီဒီယာတချို့မှာဖော်ပြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လဲလှယ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတော့မရှိပါဘူး။ “Mandalay khitthit” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။

ပြောဆိုချက်- တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လားရှိုးကို လဲလှယ်ခဲ့လို့ MNDAA ပြော

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ လားရှိုး လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *