Fact Check: ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကို PDF က ပစ်သတ်ဆိုတဲ့ သတင်းမှား

နိုင်ငံရေး၊

ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သ ကို PDF က ပစ်ခတ်သတ်ဖြတ်တယ်လို့ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီတယ်လီဂရမ် ချန်နယ်ကပဲ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက PDF က ဒီလိုဆရာတော်ကြီးကို လုပ်ကြံသတ်ဖြတ်မှုအတွက် ရှုတ်ချတယ်လို့ ရေးသားထားတဲ့ စာတစောင်လည်း ဖြန့်ဝေခဲ့သေးတယ်။

“PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်အား အကြမ်းဖက်မီဒီညာမှ လုပ်ကြံစာအတုဖြင့် တပ်မတော်က ပစ်ခတ်သည်ဟု လိမ်ညာရေးသားမှု။”

C:\Users\User\Downloads\screenshot-archive.is-2024.06.20-19_46_16.png

မူရင်းလင်ခ့် – Telegram link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးအဖွဲ့က ပစ်ခတ်လို့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သ ပျံလွန်တော်မူခဲ့ရတယ်လို့ ဖော်ပြပါတယ်။ အခြားသော သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ 

ဒီသတင်းတွေထဲမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ပျံလွန်တော်မူရတာ စစ်ကား Faw ကား‌ပေါ်ကနေ စစ်ဗိုလ်စစ်သားတွေက ပစ်ခတ်လို့ဖြစ်ရတာလို့ ပစ်ခတ်မှုဖြစ်ချိန်မှာ ကားတစီးထဲ အတူရှိခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်က ဇွန် ၂၀ ရက် မနက်ပိုင်းမှာ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာပြုလုပ်တဲ့ အန္တိမစျာပန အစီအစဥ် အစည်းအဝေးမှာ ဆရာတော် သံဃာတော်တွေနဲ့ ဧည့်ပရိသတ်တွေကို ရှင်းပြ မိန့်ကြားခဲ့ကြောင်း ကိုးကားဖော်ပြပါတယ်။ 

စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အသံ(MRTV)သတင်းဌာနက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ညပိုင်းဖြစ်တဲ့ ဇွန် ၁၉ ရက် ညပိုင်းသတင်းမှာ PDF က ပစ်ခတ်လို့ ဆရာတော် ပျံလွန်တော်မူရတယ်၊ စစ်တပ်က ဒဏ်ရာရရှိတဲ့ သူတွေကို ဆေးကုပေးခဲ့တယ်ဆိုပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမဲ့ ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ အတူရှိခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်က ဇွန် ၂၀ ရက် မနက်ပိုင်းမှာ အခုလို သံဃာတွေနဲ့ ဧည့်ပရိတ်သတ်တွေကို ရှင်းပြမိန့်ကြားခဲ့ပြီးနောက်မှာတော့ စစ်တပ်က အခုလို ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ပျံလွန်တော်မူရတဲ့ ပစ်ခတ်မှုကို ပြန်လည်စိစစ်အရေးယူမယ်လို့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သ ပျံ့လွန်တော်မူခဲ့ ရတာ PDF တွေ ပစ်ခတ်မှုကြောင့်ဖြစ်တယ်ဆိုတာ မှားယွင်းပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ကနဦးက PDF ပစ်ခတ်လို့ ဆရာတော် ပျံလွန်တော်မူခဲ့ရတယ်ဆိုတဲ့ ဖြန့်ဝေချက်ဟာ စစ်ကောင်စီဘက်က ကနဦးဖြန့်ဝေတဲ့ ဝါဒဖြန့်ချိမှုတခုသာ ဖြစ်တယ်။

Avatar

Title:Fact Check: ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကို PDF က ပစ်သတ်ဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *