တပ်မ ၉၉ ကတပ်ရင်းလိုက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA ထံအလင်းဝင်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းမှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တပ်မ ၉၉ က တပ်သားတယောက် အလင်းဝင်သွားတာကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “June 26, 2023 တပ်မ (၉၉) တပ်ရင်းလက်နက်ချအလင်းဝင်ကုန်ပြီဗျို့”လို့ ‌ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ မှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန်လ ၂၀ ရက်က စစ်ကောင်စီရဲ့တပ်မ ၉၉ တပ်ရင်း ၄၁၉ က တပ်သား သန်းထိုက် အောင်ဟာ လက်နက်နဲ့အတူ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA တပ်သို့ လက်နက်ချအလင်းဝင်တဲ့ သတင်းကို ‌ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

မူရင်းလင်ခ့် – The Kokang | Archive link

ထို့အပြင် ဗွီဒီယိုထဲမှာ လူထုနွေဦးဝက်ဘ်ဆိုဒ်ကဖော်ပြခဲ့တဲ့ ရေဖြူမှာ ဒေသခံတွေရဲ့ ကားနဲ့ လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “ကောလင်းမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး ဝန်းသိုတွင် စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက်၊ မြင်းမူရဲစခန်းနှင့်ထွေအုပ်ရုံးကို လည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်”စတဲ့ သတင်းတွေကိုဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ တပ်မ ၉၉ ကတပ်ရင်းလိုက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA ထံအလင်းဝင် သွားတယ်ဆိုတာမဟုတ်ပါဘူး။ ဇွန်လ ၂၀ ရက်က တပ်မ ၉၉ တပ်ရင်း ၄၁၉ က တပ်သားတယောက် လက်နက်နဲ့ အတူ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့-MNDAA တပ်သို့ လက်နက်ချအလင်းဝင်တဲ့ သတင်းကို ‌ခေါင်းစဉ်လွဲတပ်ထား ခြင်းဖြစ်တယ်။ပြောဆိုချက်- တပ်မ ၉၉ ကတပ်ရင်းလိုက် MNDAA ထံအလင်းဝင်သွား

Avatar

Title:Fact Check: တပ်မ ၉၉ တပ်ရင်းလိုက် ကိုးကန့် MNDAA ထံအလင်းဝင်တဲ့ သတင်းတု

Written By: နေရာမောင်

Result: False