Fact Check: အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံရလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ကုန် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ 

“လားရှိုးမြို့စစ်ဌာနချုပ် အသိမ်းခံရမှုနဲ့

တိုင်းမှူးကို သေဒဏ်ကြေငြာလို့

တိုင်းမှူးအားလုံး နှုတ်ထွက်စာတင်

မန္တ‌လေးတိုင်းမှူးပါ ပျောက်ဆုံးသွားပြီ” (မူရင်းအရေးအသား)

C:\Users\User\Downloads\Firefox_Screenshot_2024-07-30T11-59-07.546Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ပြောနေတာကတော့ လားရှိုးအခြေစိုက် ရှမ်းမြောက်စစ်ဌာနချုပ် MNDAA လက်အောက်ကျရောက်မှု၊ ဒီလိုမကျခင်မှာ အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ် ကြီး နိုင်နိုင်ဦးနဲ့ အရှေ့ မြောက် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့် တို့ စကားများကြပြီး ဗိုလ်ချုပ်စိုးတင့်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ဆဲဆိုလို့ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် ရာထူးက အနားပေးခံရတဲ့အပြင် အရေးယူခံရမယ်ကြောင်း စသည်ဖြင့်ပါဝင်တယ်။ ဒီအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းမှာ ဇူလိုင် ၂၈ ရက်က ဖော်ပြခဲ့ပြီး ဖြစ်တယ်။

C:\Users\User\Downloads\11.png

ဒီအပြင် လားရှိုး စစ်ဌာနချုပ် အသိမ်းခံရမှုမှာ တိုင်းမှူးသေဒဏ်ပေးခံရပြီးတဲ့နောက် တိုင်းမှူးအားလုံး နုတ်ထွက်စာ တင်ကုန်တယ်ဆိုတဲ့အကြောင်း ဒီသတင်းတုဖော်ပြတဲ့ ဗွီဒိယိုထဲမှာ မပါဝင်ပါဘူး။ သတင်းတု ဗွီဒီယိုထဲမှာ လောက်ကိုင် ဒ.စ.ကမှာ လက်နက်ချစဉ်ကလည်း ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေဟာ ထောင်ကျတာ၊ သေဒဏ်ပေးခဲ့ရတာ စတဲ့ အကြောင်းသာဖော်ပြတယ်။ 

သုံးသပ်ချက်

လက်ရှိအချိန်အထိ လားရှိုး စစ်ဌာနချုပ် အသိမ်းခံရမှုအတွက် အဓိက တာဝန်ရှိတဲ့ တိုင်းမှူးသေဒဏ်ပေးခံ ရတာဖြစ်စေ၊ ဒီလိုသေဒဏ်ပေးတဲ့အတွက် တိုင်းမှူးအားလုံး နုတ်ထွက်စာတယ်ဆိုတာဖြစ်စေ အထောက် အထားမရှိပါဘူး။ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြရာမှာ  လုပ်ကြံသတင်းတွေ ဖြန့်ချိလေ့ရှိပါတယ်။

ပြောဆိုချက်- အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံလို့ ကျန်တိုင်းမှူး အားလုံး နုတ်ထွက်စာတင်

Avatar

Title:Fact Check: အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံရလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *