Fact Check: နေပြည်‌တော် ၆ လုံးတန်း အိမ်ရာ ဒုံးကျည်တွေနဲ့ အပစ်ခံရဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

နေပြည်တော် စစ်ဗိုလ်ချုပ်တွေနေတဲ့ ၆ လုံးတန်း အိမ်ယာ ဒုံးကျည် ဆယ်ချီပစ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း၄ သိန်းကျော်ရရှိ ထားတယ်။

“နေပြည်တော် စစ်ဗိုလ်ချုပ်တွေနေတဲ့ ၆ လုံးတန်း အိမ်ယာ ဒုံးကျည် ဆယ်ချီပစ်”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ နေပြည်တော်မှာ အရင် စစ်အာဏာရှင်ဟောင်းထိပ်တန်း ဗိုလ်ချုပ် ၆ ဦးနေထိုင်တဲ့ အိမ်ရာကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက အခုလို တိုက်ခိုက်ခဲ့တယ်လို့ ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ သာမန်အားဖြင့် ဒီလို စစ်ဆင်ရေးမျိုးကို ဆောင်ရွက်ခဲ့ရင် သက်ဆိုင်တဲ့ PDF တပ်ဖွဲ့တွေက အသိပေးချက် ထုတ်ပြန်လေ့ရှိသလို မီဒီယာတွေကတဆင့်ဖော်ပြတာလည်းတွေ့ ရပါတယ်။ သို့ပေမဲ့ အခုကိစ္စမှာ ထုတ်ပြန်ချက်တစုံတရာ လည်းမရှိသလို မီဒီယာတွေမှာလည်း ဖော်ပြချက်မရှိပါဘူး။

နေပြည်တော်မှာ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာ စစ်အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ သမ္မတဟောင်း သိန်းစိန်၊ ဒုတိယသမ္မတဟောင်း သီဟသူရ တင်အောင်မြင့်ဦးနဲ့ စစ်လက်နက်ထုတ်လုပ်ရေး အကြီးအကဲနဲ့ စီးပွားရေးဦးပိုင် ဥက္ကဌဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တင်အေးစတဲ့ ဗိုလ်ချုပ် ၆ ဦးနေထိုင်တဲ့ အိမ်ရာကို အိမ်ရာကို ၆ လုံးတန်းအိမ်ရာလို့ မီဒီယာတွေမှာ သုံးနှုန်းပါတယ်။ 

သုံးသပ်ချက်

လုပ်ကြံသတင်းတွေဖြန့်ချိနေခြင်းဖြစ်တယ်။ နေပြည်တော်က ၆ လုံးတန်းအိမ်ရာကို PDF တပ်ဖွဲ့က ဒုံကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ 

ပြောဆိုချက်- နေပြည်‌တော် ၆ လုံးတန်း အိမ်ရာ ဒုံးကျည်တွေနဲ့ PDF ပစ်ခတ် 

Avatar

Title:Fact Check: နေပြည်‌တော် ၆ လုံးတန်း အိမ်ရာ ဒုံးကျည်တွေနဲ့ အပစ်ခံရဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *