Fact Check: လားရှိုးမှာ ကလေးတွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

Misleading နိုင်ငံရေး | Politics

လားရှိုးမှာ ကလေးသူငယ်တွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလို့ဆိုလိုထားပြီး ဓာတ်ပုံတခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဆိုင်ကယ်တစီးပေါ်မှာ ကလေး ၂ ယောက် ဆိုင်ကယ် စီးသွားတာကိုရိုက်ကူးထားပြီး နောက်ခုံမှာထိုင်နေတဲ့ကလေးဟာ သေနတ် ၂ လက်ကိုင်ထားတာကို ဓာတ်ပုံထဲမှာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ် ချက်ဖြစ်ပါတယ်။ 

“လားရှိုးမြို့လို့ပြောတဲ့ FB ဓါတ်ပုံတွေထဲမှာဒီပုံဟာအထူးခြားဆုံးဘဲ .. 

ဟုတ်ရောဟုတ်ပါ့မလား..

အရုပ်သေနတ်လေးတွေဖြစ်မှာပါ..😟”

C:\Users\User\Downloads\111.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ်လ ဝန်းကျင်ကတည်းက အခြားသော ဘာသာစကားအသုံးပြုတွေ အကြားမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ 

C:\Users\User\Downloads\12.png

ဒီဓာတ်ပုံရိုက်ကူးထားတဲ့နေရာဟာ ပါကစ္စတန်နိုင်ငံတနေရာဖြစ်တယ်ဆိုတဲ့ ဖော်ပြချက်ကိုလည်း ၂၀၂၁ ခုနှစ် ဧပြီလထဲမှာတွေ့ရပါတယ်။ အဲဒီအချိန်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို နိုင်ငံတဝှမ်း ငြိမ်းချမ်းတဲ့ ဆန္ဒပြနေချိန်ဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပါဘူး။

 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော် လှန်မှုတွေဟာ  ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ စတင် အားကောင်းလာပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ရှမ်းမြောက်အခြေစိုက် တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA ကသိမ်းပိုက်လိုက်ပါတယ်။

နောက်တခုကတော့ လားရှိုးက ဓာတ်ပုံအဖြစ် ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ တူညီပြီး ပိုမိုမြင်ကွင်းကျယ်တဲ့ အစော ပိုင်းဖြန့်ချိနေတဲ့ ဓာတ်ပုံတွေထဲမှာ “Ganzberg”အမှတ်တံဆိပ် ဘီယာကြေညာကို တွေ့ရပါတယ်။ ဒီဘီယာဟာ မြန်မာနိုင်ငံမှာ ကြော်ငြာ ရောင်းချခြင်းမရှိပါ။

သုံးသပ်ချက်

အထက်‌မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ဓာတ်ပုံ အင်တာနက်မှာ စတင်ပျံ့နှံ့ခဲ့ချိန်မှာ လားရှိုးမြို့သိမ်း တိုက်ပွဲဖြစ်ပွားနေချိန်ထက် အနည်းဆုံး ၃ နှစ်စောပြီး ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ မူလအစဟာ ဘယ်နေရာမှာရိုက်ကူးထားတယ်ဆိုတဲ့ တိကျတဲ့ အထောက်အထား Fact Crescendo Myanmar အနေနဲ့ အတည်မပြုနိုင်ပေမဲ့ ဓာတ်ပုံဟာ မြန်မာနိုင်ငံ လားရှိုးမြို့က အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ 

ပြောဆိုချက်- လားရှိုးမှာ တိုက်ပွဲတွေဖြစနေလို့ ကလေးတွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံ

Avatar

Title:Fact Check: လားရှိုးမှာ ကလေးတွေ လက်နက်ကိုင်ကျောင်းတက်ရတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *