Fact Check: ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ သတင်းမှား

လူမှုရေး

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်လို့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“ယခုအချိန်အထိ 498 မှလွဲ၍ အခြားနံပါတ်ကို မည်သူမျှ မတွေ့ရသေးသော်လည်း 2024 Toyota Hilux တွင် ဆွတ်ခူးနိုင်သည့် တိုယိုတာ ၁၀ စီး ကျန်ရှိနေသေးသည်”

C:\Users\User\Downloads\11.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

မြန်မာနိုင်ငံက တိုယိုတာဖြန့်ချိနေတဲ့ ကုမ္ပဏီအပါအဝင် တိုယိုတာကုမ္ပဏီရုံးချုပ်အနေနဲ့လည်း ဒီလိုကြေညာ ချက်မရှိပါဘူး။  အခုလို ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ စာမျက်နှာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်(ဇူလိုင် ၁၉) ရက်ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာ တခုဖြစ်တယ်။ အခုလို အသစ်ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာဟာ Toyoto ကုမ္ပဏီနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။ 

C:\Users\User\Downloads\Untitled1.png

မကြာခဏဆိုသလိုပဲ ဒီလို ကမ္ဘာကျော် အမှတ်တံဆိပ်တွေကို အသုံးပြုပြီး ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို လက်ဆောင်တွေပေးနေပြီဆိုပြီး လုပ်ကြံဖြန့်ဝေတာတွေလည်း ရှိပါတယ်။ တချို့သော လုပ်ကြံဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်မှာကြည့်ပါ။ 

C:\Users\User\Downloads\Untitled1.jpg

သုံးသပ်ချက်

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အခုလို အသစ်ဖွင့်လှစ်ထားတဲ့ စာမျက်နှာဟာ Toyota ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ အထောက်အထားလည်းမရှိပါဘူး။

Avatar

Title:Fact Check: ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *