Fact Check: ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။

ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။  

“အမေရိကန် အမိန့်လာပြီ 

USDP ဥက္ကဌ ခင်ရီက ရုရှားကို စစ်ရေးအကူအညီတောင်းခံမှု

အမေရိကန် ပြင်းထန်သတိပေး/NUG အောင်ပွဲခံဖို့နီးပြီ”

C:\Users\User\Downloads\Firefox_Screenshot_2024-08-08T06-13-18.345Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ ပြောထားသလို စစ်တပ်လိုလားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌက တော်လှန်ရေး အဖွဲ့တွေနဲ့ နိုင်ငံအနှံ့မှာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်တွင်းစစ်မှာ ရုရှားက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး စစ်ရေးအရ အကူအညီပေးဖို့ တောင်းဆိုမှုနဲ့ လားရှို့းအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးအပြီး စစ်ခေါင်းဆောင်က ရှေ့ထွက်ပြီး မိန့်ခွန်းပြော လာတဲ့ သတင်းကို ဖော်ပြပေး ခြင်းဖြစ်တယ်။ 

ဗွီဒီယိုကို ဖြန့်ချိနေတဲ့ “Local Times” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးသတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ရှိတယ်။ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာဟာ လူမှုကွန်ယက်အသုံးပြုသူတယောက် မျှဝေထားတဲ့ ရှမ်းမြောက်စစ်ပွဲရှုံးနိမ့်မှုကို သွေးပျက်တဲ့ မျက်နှာနဲ့ တီဗွီဖန်သားပြင်ကနေ ပြောကြားလာတဲ့ အကြောင်းဖော်ပြထားတဲ့ “မင်းအောင်လှိုင်၏ သွေးပျက် စကား”ဆောင်းပါးကို ပြန်လည်မျှဝေထားပြီး နောက်ထပ် ဖော်ပြချက်ကတော့ “နေဝန်းနီကျဆုံးမှုနဲ့ ၁၀၂၇ စစ်ဆင်ရေးအလားအလာ”ဆိုတဲ့ “Than Lwin Times”က ဖော်ပြ ခဲ့တဲ့ CDM ဗိုလ်ကြီး ဇင်ယော်နဲ့ မေးမြန်းခန်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

C:\Users\User\Downloads\Untitled.png

သုံးသပ်ချက်

ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “Local Times” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးသတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပြီး အခုလည်း လူမှုကွန်ယက်အသုံးပြုသူတယောက်မျှဝေထားတဲ့ အတွေးအမြင်ဆောင်းပါးနဲ့ သတင်းမီဒီယာတခုက မေးမြန်းခန်း တခုကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေး

Avatar

Title:Fact Check: ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *