Fact Check: ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တာတွေ့ရပါတယ်။ ရေတွင်းတူးရာမှ ရွံ့နွံတွေ ပန်းထွက်တဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“နေ့လည် ၁ နာရီခွဲ ဇန် ၂၆ ကချင်ပြည်နယ်မှာ မီးတောင်ပေါက်ကွဲလို့ ပြည်သူတွေထွက်ပြေးနေရတဲ့ နောက်ဆုံးအခြေနေ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ 

တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ကချင်ပြည်နယ်၊ အင်းတော်ကြီး အရှေ့ဘက်ကမ်းဆီက ဟဲပါးကျေးရွာမှာ ရေတွင်းတူးတာကနေ ရွှံ့ရေတွေ ထူးထူးဆန်းဆန်း ပန်းထွက်လာခဲ့သလို ပေါက်ကွဲသံတွေလည်း အကျယ်ကြီး ထွက်ပေါ်လာခဲ့လို့ ဒေသခံတွေ ထိတ်လန့်ခဲ့ရတယ်ဆိုတဲ့ သတင်းတပုဒ်ကို ပြန်လည်ဖြတ်ကြား နေတာဖြစ်တယ်။ မူရင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ 

သုံးသပ်ချက်

ကချင်ပြည်နယ်၊ အင်းတော်ကြီး အရှေ့ဘက်ကမ်းက ဟဲပါးကျေးရွာမှာ ရေတွင်းတူးတာကနေ ရွှံ့ရေတွေ ထူးထူးဆန်းဆန်း ပန်းထွက်လာခဲ့တဲ့အကြောင်း ဖေ့စ်ဘွတ်စာမျက်နှာတခုက သတင်းဖော်ပြချက်ကို လိုအပ်လို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ကချင်ပြည်နယ်မှာ မီးတောင်ပေါက်ကွဲမှုကြောင့် လူတွေ ထွက်ပြေးနေရတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ကချင်ပြည်နယ်မှာ မီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

Avatar

Title:Fact Check: ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတု

Written By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *