
သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အဖမ်းခံရတယ်၊ ကျဆုံးသွားပြီဆိုတဲ့ရေးသားမျှဝေမှုတွေ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ကျဆုံးပြိ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို “Burmese Voice News” အမည်နဲ့ ယူကျူ့ချန်နယ်(youtube channel)က ဒီဇင်ဘာ ၂၁ ရက်က မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၆ ထောင်ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
ထို့အပြင် “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ဖမ်းဆီးခံရ”လို့ရေးသားလျှက် ဗွီဒီယိုတစ်ခုကို “Gold Myanmar News (GMN)”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဒီဇင်ဘာ ၂၁ ရက်မှာ မျှဝေထားရာမှာ ဒီဗွီဒီယို ဝင်ရောက်ကြည့်ရှူ့သူ ၂၅၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
ယခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဟာ စိတ်ဝင်စားဖွယ် ဖန်တီးထားတဲ့ ခေါင်းစဉ်အသုံးပြု ပြီး လူတွေလှည့်စား ထားတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နှစ်ခုဟာ တစ်ခုက အဖမ်းခံရတယ်၊ တစ်ခုက ကျဆုံးတယ် စသည်ဖြင့်ရေးသားထားပေမဲ့ အကြောင်းအရာဟာ မင်းမော်ကွန်းရဲ့ပေါင်မှာ ကျဉ်ဖောက် ဝင်တယ်ဆိုတာ မဟုတ် ကြောင်း သူ့သူငယ်ချင်းဖြစ်သူက ရှင်းလင်းထားတဲ့အကြောင်း ပြောကြားချက်သာ ဖြစ်တာတွေ့ပါတယ်။
တော်လှန်ရေးမှာပါဝင်နေတဲ့ မင်းမော်ကွန်းအပါအဝင် အနုပညာရှင်များ ဖမ်းဆီးခံရတဲ့သတင်းဟာ မဟုတ် ကြောင်း Fact Crescendo က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
ထို့အပြင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းတွေ ပုံမှန်ဖော်ပြနေတဲ့ D-Day Channel မှာ “ကိုမင်းမော်ကွန်း နဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးမေးခွန်း အမေးအဖြေ”ဆိုပြီးတော့လည်း ဒီဇင်ဘာ ၂၂ ရက်က တင်ထားတာတွေ့ ရပါတယ်။

မူရင်းလင်ခ့် – D-Day Channel | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သရုပ်ဆောင် မင်းသားမင်းမော်ကွန်းကျဆုံးသွားပြီ၊ အဖမ်းခံရပြီဆိုတဲ့ သတင်းတွေဟာ သတင်းမှားဖြန့်ဝေနေခြင်းသာဖြစ်ပါတယ်။

Title:Fact Check: သရုပ်ဆောင်မင်းမော်ကွန်းနဲ့ပတ်သက်တဲ့ သတင်းမှားများပျံ့နှံ့
Fact Check By: Zun ZeeResult: False