မြောက်ဉက္ကလာမှာ ကိုယ်ဝန်သည်တစ်ဦးကို NLD နဲ့ PDF ကလုပ်ကြံသတ်ဖြတ်တယ်လို့ရေးသားပြီးဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။
သို့သော် ဒီလုပ်ကြံမှုဟာ မူလမီဒီယာတွေဖော်ပြချက်မှာ ဘယ်သူက လုပ်တယ်ဆိုတဲ့ အချက်အလက်မတွေ့ရပါ ဘူး။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ဒီနေ့ မြောက်ဉက္ကလာ (င) ရပ်ကွက် က
ကိုယ်ဝန်ဆောင်အမျိုးသမီးကို NLD အ
ကြမ်းဖက် PDF တွေက ဒလန်ကို – တ်
တာ မှား – တ်မိပါတယ်ဆိုပြီး သေနတ်နဲ့
(၅)ချက်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ပါ
တယ်”စသည်ဖြင့်ရေးသားထားပြီး သေဆုံးသူဟာ မနီနီရွှေဆိုတဲ့အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
မြောက်ဉက္ကလာပ၊ (င) ရပ်ကွက်မှာ အမျိုးသမီးတစ်ယောက်သေနတ်နဲ့ပစ်ခတ်ခံရတဲ့သတင်းကို လွတ်လပ်တဲ့ မီဒီယာတွေဖော်ပြချက်မရှိသလောက်တွေ့ရပါတယ်။ Eleven Media Group အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဒီသတင်းကို အောက်ပါအတိုင်းရေးသားထားပါတယ်။
“မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် ရေကန်ဘောင်ပေါ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ မှုဖြစ်ပွား
မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် ရေကန်ဘောင်ပေါ်မှာ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှု ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရပါတယ်။” စသည်ဖြင့်ရေးသားထားပြီး ဒီသတင်းဖော်ပြချက်မှာ ဘယ်သူ့လက်ချက်၊ဘယ်သူကလုပ်တယ်ဆိုတဲ့ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုပဲ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုချက်မျိုး လည်းမတွေ့ရပါဘူး။
မူရင်းလင်ခ့် – Eleven Media Group | Archive link
စစ်တပ်က အာဏာသိမ်းအပြီးမှာ ဒီအာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ဆန့်ကျင်နေကြတာရှိပါတယ်။ ဒီအထဲမှာ မြေအောက်လှုပ်ရှားမှုအဖြစ် စစ်တပ်သတင်းပေးလို့ယူဆရသူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေရှိသလို အမျိုးသား ညီညွှတ်ရေး အစိုးရကို ထောက်ခံပြီး စစ်တပ်ကို တွန်းလှန်ဖို့ လက်နက်ကိုင်ထားသူတွေလည်း ရှိပါတယ်။ ထို့အပြင် ကိုယ်ထူကိုယ်ထ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိပါတယ်။ ဒီမြောက်ဉက္ကလာက လုပ်ကြံမှုမှာ အဖွဲ့အစည်းတစ်ဖွဲ့ဖွဲ့ကနေပြီးတော့ လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ တာဝန်ယူထုတ်ပြန်ချက်မျိုးလည်း မတွေ့ရပါ ဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မြောက်ဉက္ကလာ င ရက်ကွက်မှာ အမျိုးသမီးတစ်ယောက်သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရမှုဟာ မှန်ကန်ပေမဲ့ ဒီလုပ်တာဟာ ဘယ်သူက လုပ်တယ်ဆိုတဲ့ အထောက်အထား သီးခြားဖော်ပြချက်မရှိပါဘူး။

Title:မြောက်ဉက္ကလာမှာ အမျိုးသမီးပစ်ခတ်လုပ်ကြံခံရမှု NLD နဲ့ PDF ကလုပ်တာလား
Fact Check By: Zun ZeeResult:Explainer