Fact Check: မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်း စဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချလိုက်တဲ့အတွက် သီရိလင်္ကာတရားရုံးချုပ် မီးလောင်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

Coronavirus False နိုင်ငံရေး | Politics

မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချပြီးနောက် သီရိလင်္ကာနိုင်ငံက တရားရုံးချုပ် အဆောက်အဦးဟာ မီးလောင်ကျွမ်းခံရတယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားတာတွေ့ရပါတယ်။

ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာဖြစ်တယ် ဆိုပြီးတော့ သီရိလင်္ကာနိုင်ငံ တရားရုံးချုပ်မီးလောင်နေပုံကို ဖြန့်ဝေထားတာဖြစ်ပါတယ်။

ဒီလိုရေးသားမျှဝေထားတာဟာ မှားယွင်းတာတွေ့ရပါတယ်။ သီရိလင်္ကာတရားရုံးချုပ်မီးလောင်တာဟာ ဒီဇင်ဘာ ၁၅ ရက်ဖြစ်ပြီး ကိုဗစ်နဲ့ ကွယ်လွန်သူတွေကို မီးရှို့ဖို့ဆုံးဖြတ်ချက်ဟာ သီရိလင်္ကာမှာ မတ်လအစောပိုင်းကတည်း ချမှတ်ခဲ့တာတွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ 

“သီရိလင်္ကာတရားရုံးချုပ် အဇားဗ်ကျပါပြီ

ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာပါ။ Quake (Islamic page) ဘာသာ​ရေး​ပေ့ဂျ် Like & Share”လို့ ရေးသားပြီး “Quake”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၇၀၀ ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံ တရားရုံးချုပ်((Supreme Court)) ဒီဇင်ဘာ ၁၅ ရက်က မီးလောင်မှုပုံဖြစ်တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ရှု့နိုင်ပါတယ်။

သို့သော်လည်း တရားရုံးချုပ်မီးလောင်မှုဟာ ကိုဗစ်ကြောင့် သေဆုံးသူတွေကို ဓလေ့ထုံးတမ်းအရ မြေမြှုပ်ခွင့် မပေးဘဲ မီးသဂြိုဟ်ခြင်းဖို့ အမိန့်ချပြီးနောက်မှာ ဖြစ်တယ်ဆိုတဲ့ အချက်အလက်မှာ မှန်ကန်ခြင်း မရှိတာ တွေ့ရပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မွတ်ဆလင်တွေက ကိုဗစ်ကြောင့် သေဆုံးသူတွေကို ဘာသာရေးအရ မြေမြှုပ်ခွင့်ရဖို့အတွက် မတ်လကတည်းက အစိုးရကိုတောင်းဆိုနေတာဖြစ်တဲ့အတွက် သီရိလင်္ကာမှာ အရင်ကတည်းက ကိုဗစ်ကြောင့် သေဆုံးသူတွေကို မြေမြှုပ်သဂြိုဟ်ခြင်းဆိုတာကို အသိအမှတ်မပြုထားတာတွေ့ရပါတယ်။ 

ထို့အပြင် သီရိလင်္ကာ တရားရုံးချုပ်ဟာ ဒီလို ကိုဗစ်ကြောင့် သေဆုံးရသူတွေကို ဘာသာရေးအရ မြေမြှုပ်ခွင့် တောင်းဆိုတာကို ဒီဇင်ဘာ ၁ ရက်မှာ ပယ်ချခဲ့တာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Daily Mirror  |  Archive link

မည်သည့်အကြောင်းကြောင့် တရားရုံးချုပ်မီးလောင်မှုဖြစ်ရတယ်ဆိုတာ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ သိရှိရသေးခြင်းမရှိတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်ရ မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချပြီးနောက် သီရိလင်္ကာနိုင်ငံက တရားရုံးချုပ် အဆောက်အဦးဟာ မီးလောင်ကျွမ်းခံရတယ်ဆိုတာ ဘာသာရေးအရ လှုံဆော်ရေးသားထားတဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်း စဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချလိုက်တဲ့အတွက် သီရိလင်္ကာတရားရုံးချုပ် မီးလောင်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *