
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
Also read – Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု
ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။
“UNထက် အစွမ်းထက်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ဒေါ်စုကိုလွှတ်ပေးပါက ရခိုင်တိုက်ပွဲရပ်ပေးမယ်လိုပြောပြီး
(၆)နာရီအကြာ ဒေါ်စုကို စစ်တပ်ကလွှတ်ပေးပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ကတောင်းဆိုပြီး နာရီပိုင်းအတွင်းမှာ စစ်တပ်က သူမကို ပြန်လည်လွှတ်ပေးလိုက်တယ်ဆိုထားပေမဲ့ နခခ (၅)ကိုသိမ်းပိုက်ပြီး မောင်တောတစ်မြို့နယ်လုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း AAက ကြေညာလိုက်တဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ်နဲ့ တပ်စခန်းတွေ လက်လွှတ်လိုက်ရပေမဲ့ ပွဲတွေပဲ ဆက်တိုက်တက်နေတဲ့ အကြောင်းသာဖော်ပြထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတာဖြစ်စေ၊ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်ဆိုတာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်ဖြစ်စေ၊ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖြစ်စေ မတွေ့ရပါဘူး။
“Star Vibes”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
Also read – Fact Check: ၁ ရက်အတွင်း အာဏာမလွှဲပေးရင် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ AA ကို ကြေညာဆိုတဲ့ သတင်းတု
ဒီအပြင် အခု ဗွီဒီယိုထဲမှာ အဓိက ဖော်ပြထားတဲ့အကြောင်းအရာဟာ “မြို့များ၊ တပ်စခန်းများနှင့် တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်မည်”ဆိုတဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။
သုံးသပ်ချက်
“Star Vibes”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ။ မောင်တော နခခ ၅ ကို တိုက်ခိုက် သိမ်းပိုက်အပြီးမှာ AA က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတာ မတွေ့ရသလို စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုချက်အတိုင်း လွှတ်ပေးလိုက်တဲ့ဆိုတာလည်း မဟုတ်ပါဘူး။

Title:Fact Check: လွှတ်ပေးဖို့ AA ရာဇသံပေးပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading