Fact Check: မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ FATF ကအမည်ပျက်စာရင်းသွင်း ထားတယ်ဆိုတဲ့သတင်းမှား

Misleading စီးပွားရေး | Economy

FATF ကနေ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အမည်ပျက်(Blacklist)နိုင်ငံ ၂၀ စာရင်းဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး နားလည်မှုလွဲစေနိုင် တာ တွေ့ရပါတယ်။

အောက်ပါစာသားတွေက ဖြန့်ဝေခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီဖြန့်ဝေခဲ့တဲ့ပို့စ်မှာ မြန်မာနိုင်ငံဟာ အရင်ကလည်း အမည်ပျက်စာရင်းသွင်းခံရဖူးပြီး အခုလည်း မြန်မာနိုင်ငံနှင့်အတူ အခြားသော နိုင်ငံ ၁၉ နိုင်ငံ လည်းပါဝင်တယ်လို့ဆိုလိုထားပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။

“FATF မှ ​

၂၀၂၂၊အောက်တိုဘာ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သော 

Blacklistနိုင်ငံစာရင်း (၂၀) စာရင်း ဖြစ်ပါတယ် ။

1 Arbania

2 Barbados

3 Burkina Faso

4 Cambodia

5 Cayman Islands

6 Haiti

7 Jamaica

8 Jordan

9 Mali

10 Moroco

11 Nicaragua

12 Panama

13 Philippines

14 Senigal

15 SouthSudan

16 Syria

17 Turkey

18 Yemin

19 UnitedArabEmirates

20 Myanmar

မြန်မာ တစ်နိုင်ငံတည်း လိုလို ဖွလော်နေတဲ့

အနူဂျီ အကြမ်းဖက် ပြည်ဖျက်တွေက

ပျက်သုန်းရေးသာ ဦးတည်နေပြီး

ကိုယ့်မ်သားစုပါ ပါ၀င်ခံစားရမှာ မသိကြ

စုံမှိတ် ထောပနာပြု နေကြတာကိုက

စိတ်ပျက်စရာ ။

ဘရွှေ ခေတ်က ၅ နှစ်တောင် ကြုံခဲ့ပြီး၍

အတွေ့ကြုံရပြီးသော မြန်မာက 

အထူးတလည် ဂရုစိုက်ရန် မလို ။

လုပ်ငန်းရှင် ခရိုနီတွေက 

ခြံစည်းရိုး ခွထိုင် နေ

ရှေ့ မထွက်ရဲ နောက်ကွယ်က လက်မည်း

အဖြူ မဲ မကွဲ နှစ်ဖက်ပေါင်းစား

ကြားထဲက အသားယူ

ပြည်သူက်ို မငဲ့ညှာ အတ္တ လူဂုဏ်ထန်တွေ ။

တိုင်းပြည်အရေး

ရှေ့မထွက်သေးတဲ့ ခရိုနီ တွေရဲ့ ပိုင်ဆိုင်မှုတွေ

ပြည်သူပ်ိုင်သာ သိမ်းပလိုက်စေချင် ။

ဒင်းတို့ စနက်လည်း မကင်းတာ အမှန် ။

U Nyan”

Oct 23 “

”လို့ ရေးသားပြီး “Kyaw Naing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှာ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့(Financial Action Task Force-FATF)က အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးမှာ သတ်မှတ်ချက်တွေနဲ့အညီလိုက်နာဖို့ ပျက်ကွက်နေပြီး အချိန်နဲ့တပြေးညီအစီရင်ခံတာမျိုးမရှိလို့ မြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။ လက်ရှိ FATF ရဲ့အမည်ပျက်စာရင်းမှာ အီရန်၊မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့သာရှိပါတယ်။

မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်ကြီးမားမှုအောက်မှာ စောင့်ကြည့်ခဲ့တဲ့ အမည်ညိုစာရင်းကနေ မြောက်ကိုရီးယားနဲ့ အီရန်သာပါတဲ့ အမည်မဲစာရင်းထဲ ထည့်လိုက်တဲ့အကြောင်းနဲ့ သို့ပေမဲ့ မြန်မာနိုင်ငံမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေကို ကင်းလွတ်ခွင့်ပြုထားသေးကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းဌာနက သတင်းဖော်ပြပါတယ်။

မူရင်းလင်ခ့် – VOA BurmeseArchive link  

နိုင်ငံတစ်နိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာ ထိန်းချုပ်ရေးအတွက် သတ်မှတ် ချက်နဲ့အညီအစီအစဉ်ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် FATF က အရေးယူဖို့တောင်းဆိုခြင်း(Call for Action)ကို မီဒီယာတွေမှာတော့ အမည်ပျက်စာရွင်းသွင်းတယ်လို့ သုံးနှုန်းနေတာဖြစ်ပါတယ်။ FATF ရဲ့ တရားဝင်ဝက်ဆိုဒ်က ဖော်ပြချက်ကို ဒီမှာကြည့်ပါ။

ထို့အပြင် ယခုဖြန့်ဝေနေတဲ့ screenshot ဓာတ်ပုံမှာပါတဲ့ ဝီကီပီဒီးယားကဆောင်းပါးကိုကြည့်မယ်ဆိုရင်လည်း ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိအခြေအနေအရ မြောက်ကိုရီးယား၊ အီရန်နဲ့ မြန်မာနိုင်ငံတို့သာ FATF ရဲ့ လက်ရှိ အမည်ပျက်စာရင်းထဲမှာပါဝင်တာတွေ့ရပါတယ်။ ကျန် ၁၈ နိုင်ငံဟာ ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်ကြီးမားမှု စောင့်ကြည့်စာရင်း Greylist မှာပဲရှိတာတွေ့ရပါတယ်။ FATF အဖွဲ့ဝင်နိုင်ငံတွေရဲ့ စုံညီအစည်းအဝေးကို ၄ လတစ်ကြိမ်ပြုလုပ်လေ့ ရှိပြီး နှစ်စဉ် ဖေဖော်ဝါရီ၊ ဇွန် နဲ့ အောက်တိုဘာလတွေမှာ စုံညီတွေ့ဆုံပြီး သုံးသပ်လေ့ရှိပါတယ်။ အောက်ပါ screenshot ကတော့ နိုဝင်ဘာ ၄ ရက်မှာ Fact Crescendo Myanmarက ရယူခဲ့တဲ့အခြေအနေဖြစ်ပြီး လက်ရှိ Greylist စာရင်းထဲမှာ တူရကီနိုင်ငံပါဝင်ခြင်းမရှိတော့တာလည်းတွေ့ရပါ တယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့အီရန်နိုင်ငံ နှစ်နိုင်ငံကို ချမှတ်ထားတဲ့ အမည်ပျက်စာရင်းမှာပါဝင်နေခြင်းဖြစ်ပြီး အခြားသောဖော်ပြပါရှိတဲ့ နိုင်ငံတွေဟာ စောင့်ကြည့်စာရင်းမှာ သာရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံအပါဝင် နိုင်ငံ ၂၀ ဟာ အမည်ပျက်စာရင်းသွင်းခံရတယ်ဆိုတာ မဟုတ်ပါဘူး။

Avatar

Title:Fact Check: မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ FATF ကအမည်ပျက်စာရင်းသွင်း ထားတယ်ဆိုတဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *