
AA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာကို တန်ပြန်သည့်အနေဖြင့် ဒုက္ခသည်စခန်း အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရတပ်တွေက ပိုက်စိတ်တိုက်ရှာဖွေနေတဲ့ဓာတ်ပုံအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြန့်နေခြင်းဖြစ်ပါတယ်။ AA က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
“ဟာဇီနာလည်း
လက်သည်တရားခံကို သိသွားပြီ..
AA တင်မကဘူး
ARSA အဖွဲ့ပါ ရှာရမှာ”လို့ ရေးသားပြီး “Sit Naing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုက အောက်ပါ အတိုင်းမျှဝေထားတာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုအသုံးပြုရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်အောက်တိုလထဲမှာ အများအပြားပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။

Radio Free Asia ရဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၇ ရက်က “ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အုပ်စုဖွဲ့ အကြမ်းဖက်မှုဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း”ဆိုတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ Kutupalong ဒုက္ခသည်စခန်းအတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလာရောက်ယူနေခြင်းဖြစ်ပါတယ်။
ဓာတ်ပုံစာသားနေရာမှာလည်း “၂၀၂၀ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် လူရှစ်ဦးသေဆုံးပြီးနောက် ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခု အနီးတွင် ဘင်္ဂလားဒေ့ရှ်အကြမ်းဖက်မှုတုန့်ပြန်ရေးတပ်ရင်းမှ တပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်။”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Radio Free Asia | Archive link
သုံးသပ်ချက်
၂၀၂၀ ခုနှစ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်းမှာ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကြောင့် အနည်းဆုံး ၈ ဦးသေဆုံးမှုမှာ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့တွေက ကင်းလှည်နေစဉ်က ဓာတ်ပုံဖြစ်ပါတယ်။ AA အဖွဲ့က ရှော့တိုက်ဒုံးနဲ့ ဘင်္ဂလားဒေ့ရှ်ကိုပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

Title:Fact Check: AA ကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့က ရှာဖွေနေတဲ့ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading