တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ သက်သေလို့ဆိုပြီး ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေနေတာဟာ သတင်းမှားသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“ကလေးငယ်မျာကိုပါ လူသစ်စုဆောင်း တိုက်ပွဲအတွင်း အသုံးချမှုများ လုပ်လာတဲ့ စစ်သွေးကြွး အကြမ်းဖက်သူပုန်များရဲ့ လုပ်ရပ်သက်သေ#BN”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းက တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတခုကို ဝင်တိုက်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်၊ ဂျာယန်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်း ကို စီးနင်းသိမ်းပိုက်ပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းခံထားရတဲ့ တအာင်းလူမျုး ၁၂၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ တယ်လို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က TNLA က သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး တာချီလိတ် သတင်း အေဂျင်စီက ရေးသားတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က TNLA တပ်မဟာ (၇)တပ်ဖွဲ့က အင်အား ၅၀၀ ကျော် အသုံးပြုပြီး ဂျာယန်ပြည်သူ့ စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဒီလိုစီးနင်းစဉ်အတွင်းမှာ ကယ်ဆယ်နိုင်ခဲ့တဲ့ တအာင်းလူမျိုး ၁၂၇ ဦးထဲမှာ ၈ နှစ်ကနေ ၁၇ နှစ်ကြား ၂၀ ဦးပါဝင်ကြောင်းလည်း ဒီသတင်းမှာဖော်ပြပါတယ်။

မူရင်းလင်ခ့် – Tachileik News | Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို TNLA ကဝင်ရောက် တိုက်ခိုက်စဉ်က ဓာတ်ပုံကို လိုအပ်သလိုရေးသားဖြန့်ဝေထားတာတွေ့ရပါတယ်။ ဓာတ်ပုံတွေထဲပါ ကလေးတွေဟာ စစ်ကောင်စီလက်အောက်ကဂျာယန်ပြည်သူ့စစ်က ပြည်သူ့စစ်အဖြစ် စုဆောင်းခံ ထားရသူတွေဖြစ်တယ်။

ပြောဆိုချက်- တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ ဓာတ်ပုံ

Avatar

Title:Fact Check: တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

Written By: နေရာမောင်

Result: False