Fact Check: စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေဆိုတဲ့ ဝါဒဖြန့်သတင်းမှား

False နိုင်ငံရေး | Politics

စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း တွေလို့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဝါဒဖြန့်သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

ပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုထဲမှာ စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း ၅ ချက်ဆိုပြီးတော့ ထုတ်နှုတ်ဖော်ပြထားပြီး အဓိကအားဖြင့်တော့ ကချင်လူမျိုးတွေ မဟုတ်ဘဲ ဗမာလူမျိုးတွေဖြစ်နေတာကြောင့် ဗမာရွာတွေကို မီးရှိုနေ့ရခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

အောက်ပါပို့စ်ကတော့ ဒီပြောဆိုချက်ပါတဲ့ ဗွီဒီယိုကို ဖြန့်ဝေနေပုံကို တွေ့ရှိရတဲ့ screenshot  ဖြစ်ပါတယ်။ “ဘာကြောင့် စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေတာလဲ? အကြောင်းရင်းများစွာရှိပါတယ် 2 min စာ video လေးကို အစဆုံးနားထောင်ကြည့်လိုက်ပါ အဖြေပေါ်ပါလိမ့်မယ်”လို့ ရေးသားပြီး “Ko Hla Shwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းအပြီးမှာ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမထားတဲ့ ကချင်လွတ် မြောက်ရေး တပ်မတော်(KIA)ဟာ စစ်အာဏာသိမ်း မှုကို ဆန့်ကျင်တဲ့သူတွေနဲ့အတူ ရပ်တည်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုပဲ စစ်အာဏာသိမ်းအပြီးပေါ်ပေါက် လာတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့လည်း နိုင်ငံရေး၊စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ စစ်ကိုင်းတိုင်းမှာ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံး လက်နက်ကိုင်တော်လှန်တဲ့အဖွဲ့များစွာလည်း စစ်ကိုင်းတိုင်းမှာပေါ်ပေါက်လာတာတွေ့ရပါတယ်။ ဒီအဖွဲ့တွေဟာ KIA နဲ့ ချိတ်ဆက်မှုတွေရှိပြီး KIA ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၄၀၀၀ ကျော်ကို သင်တန်းပေးတာတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က မကြာသေးခင်က RFA Burmese နဲ့ တွေ့ဆုံမေးမြန်းမှုမှာ အတည်အလင်းပြောထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

NUG ကိုမဟာမိတ်ဖွဲ့ထားပြီး စစ်အာဏာသိမ်းမှုကို တော်လှန်ပုန်ကန်နေတဲ့ စစ်ကိုင်းတိုင်းကို KIA က မီးရှို့ဖျက်ဆီးမှုလုပ်ဖွယ်ရာမရှိပါဘူး။ ထို့အပြင် လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ အစီအရင်ခံစာတွေ၊ သတင်းတွေအရ မြန်မာစစ်တပ်ဟာ သူတို့ကို မထောက်ခံတဲ့သူတွေကို အင်းအားချိနဲ့သွားစေဖို့အတွက် မီးလောင်တိုက်သွင်းတာ၊ မီးရှို့တာတွေလုပ်တယ်ဆိုတဲ့ အထောက်အထားအများအပြားရှိပါတယ်။ ဒီလင့်ခ်မှာလည်း ကြည့်ပါ။

မူရင်းလင်ခ့် – IrrawaddyArchive link  

သုံးသပ်ချက်

မြန်မာစစ်တပ်ဟာ သူတို့ကို ဆန့်ကျင်တော်လှန်ပုန်ကန်တဲ့ရွာတွေ မြို့တွေကို မီးတင်ရှို့လေ့ရှိတာ နှစ်ပေါင်းများစွာ မှတ်တမ်းရှိထားပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ရွာတွေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတာများတဲ့အတွက် ရွာတွေကို စစ်ကြောင်းထိုးပြီးတိုင်း စစ်တပ်က ရွာတွေကို မီးရှို့လေ့ရှိပြီး အခုလိုပဲ PDF တွေက မီးရှို့တယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေကမီးရှို့တယ်ဆိုပြီးတော့ သတင်းမှားဖြန့်ချိလေ့ရှိပါ တယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်၊ ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။

Avatar

Title:Fact Check: စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေဆိုတဲ့ ဝါဒဖြန့်သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *