Fact Check: NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့

False လူမှုရေး

NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုဖြစ်တယ်။ NLD နာယက ဦးတင်ဦးဟာ ယနေ့(ဇွန် ၁ရက်)မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“NLD နာယကကြီး ဘဘဦးတင်ဦး 

မေ ၃၀  ၇ နာရီ ၃၂မိနစ်တွင် 

ကွယ်လွယ်သွားပြီဟု 

သိရှိရပါသည်။

ကောင်းရာ သုဂတိဘုံမှာ 

အေးချမ်းပါစေ 🙏🙏🙏”

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.01-09_50_31.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက ဦးတင်ဦး ကွယ်လွန်သွားပြီလို့ အချို့သော လူမှုကွန်ယက် အသုံးပြုသူတွေက ရေးသားဖြန့်ဝေနေချိန်မှာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ မိသားစုက RFA ကို မေလ ၃ဝ ရက် ဒီနေ့ညပိုင်းမှာ ပြောခဲ့ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ အောက်ပါ စခရင်ရှော့ကတော့ RFA Burmese က မေ ၃၀ ရက်က ညပိုင်းက သတင်းဖော်ပြချက် ဖြစ်တယ်။

C:\Users\User\Downloads\screenshot-www.facebook.com-2024.06.01-10_02_59.png

တကယ်တော့ NLD ပါတီ နာယက ဦးတင်ဦးဟာ မေ ၃၀ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကုသနေဆဲဖြစ်ပြီး ဇွန် ၁ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။ သတင်းဌာနတွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

တကယ်တော့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့တဲ့ မေ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တဲ့ အသက် ၉၇ အရွယ် ဦးတင်ဦးရဲ့ နာရေးကြေညာဟာ မင်းဘူးမြို့က မြေစာရင်းဌာန အငြိမ်းစား ဦးတင်ဦးဖြစ်တယ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

တကယ်တော့ NLD ပါတီ နာယက ဦးတင်ဦးဟာ မေ ၃၀ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ် ဆောင်မှာ ကုသနေဆဲဖြစ်ပြီး ဇွန် ၁ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။ မင်းဘူးမြို့က မြေစာရင်း ဌာန အငြိမ်းစား ဦးတင်ဦးရဲ့ နာရေးကြေညာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကုသနေဆဲ NLD နာယက ဦးတင်ဦး ကွယ်လွန်မှုအဖြစ် မျှဝေနေခြင်းဖြစ်တယ်။ 

ပြောဆိုချက်- NLD နာယက ဦးတင်ဦး မေ ၃၀ ရက်မှာ ကွယ်လွန်

Avatar

Title:Fact Check: NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *