Fact Check: ဖားပြုတ်ကိုက်လို့သေဆုံးဆိုတဲ့သတင်းဟောင်း ပျံ့နှံ့မှုအားကောင်းနေ

Missing Context လူမှုရေး

၂၀၁၈ ခုနှစ်အတွင်းပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖားပြုတ်ကိုက်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်က အမျိုးသမီးတစ်ယောက်အကြောင်းဟာ လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်ဖြန့်ဝေမှုတွေရှိလာပြီးနောက် ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ “ထမီအောက်၀င်နေသော ဖားပြုပ် အကိုက်ခံရ၍ အမျိုးသမီးတစ်ဦးtay ဆုံးမှု ဖျာပုံမြို့နယ်၌ ဖြစ်ပွား”လို့ခေါင်းစဉ်တပ်ရေးသားထားပြီး “ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်း ကျေးရွာအုပ်စု၊ ရွာမ(၁)တွင် ဧပြီလ (၁၇)ရက် မွန်လွဲ ၃ နာရီခွဲ အချိန်ခန့်က အသက် (၂၆)နှစ်အရွယ် မစုစုဝင်း ဟာ ထမီအောက်မှာဝင်နေတဲ့ ဖားပြုပ်အကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link  

တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာ ၂၀၁၈ ဧပြီ ၁၈ ရက်က ကျော်စိုးမိုး(ဖျာပုံ)အမည်နဲ့ သတင်းရေးသားခဲ့ပြီး ပြည်တွင်းက သတင်းမီဒီယာတစ်ချို့မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ Timeayeyar သတင်းဌာနရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။

 မူရင်းလင်ခ့် – Thit Htoo LwinArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်း ကျေးရွာအုပ်စုမှာ ဖားပြုပ်ကိုက်ခံရလို့ အမျိုးသမီးသေဆုံးတဲ့သတင်းဟာ သတင်းဟောင်းတစ်ပုဒ်ကို ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ဖားပြုတ်ကိုက်လို့သေဆုံးဆိုတဲ့သတင်းဟောင်း ပျံ့နှံ့မှုအားကောင်းနေ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *