ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်ထဲက ဥကရစ်ထစခန်းသိမ်းအပြီးရရှိတဲ့ လက်နက် တွေအဖြစ် ဓာတ်ပုံ ၆ ပုံဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ တကယ်တော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။

“နောက်ဆုံးမှာတော့ ဆေးမူးပြီး ခံပစ်နေတဲ့စခမသာကောင်(၅၀)ကျော်နဲ့အတူ လက်နက်အလှူကြီးများစွာနဲ့ဥကရစ်ထစခန်းကိုတော့ အပြီးသိမ်းလိုက်ပါပြီ။

ဆေးပြယ်ပြီးထွက်ပြေးနေတဲ့ခွေးတွေကိုတော့ လိုက်လံရှင်းလင်းနေဆဲပါ

လက်ရှိမှာတော့ ရှုံးမဲ၊မဲပြီး လေထဲက ရမ်းကြဲချနေတဲ့ ‌ဂျက်‌ေလယာဥ်ဗုံးတွေကို ထိုင်ကြည့်နေကြတယ်။

ရှေ့ဆုံးက ရွံရွံချွံချွံတိုက်ခဲ့ကြတဲ့ ဗိုလ်စလုံး၊တို့ရဲ့ဆင်ဖြူတပ်ရင်းကို ဂုဏ်ပြုပါတယ်။

စစ်ကူလာတဲ့စကစရဲ့ဗျူဟာကုန်းနဲ့စောစတီးရဲ့DKBAခွေးတွေကို ကိုယ်တိုင်စက်ကြီးကိုင်ပြီး

ကြားကဖြတ်တိုက်ခဲ့တဲ့ စောတာပေါရဲ့ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းအဖွဲ့တွေအာလုံးကို ဂုဏ်ပြုပါတယ်။

အခိုင်မာစခန်းချဘို့အတွက် မနက်ဖြန်

အောင်ပွဲနိုင် အထိမ်းမှတ်ဖြင့် အလံတင်အခမ်းနား

ကျင်းပပြီး ကျဆုံးသူရဲကောင်များကို

အလေးပြုရင်း မီးသဂြိုလ်မှာ ဖြစ်တယ်”စသည်ဖြင့် ရေးသားပြီး “Ko Zaw Ko Ko”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

အချက်အလက်စိစစ်ချက်

၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်အထိ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ဥကရစ်ထစခန်းကို လုံးဝသိမ်းပိုက်လိုက်ပြီဆိုတဲ့ အတည်ပြုချက်မျိုးမတွေ့ရသေးပါဘူး။ ယခုတိုက်ပွဲကို ဦးဆောင်နေတဲ့ KNDO ကသတင်းအချို့ဟာ အတည်မပြုနိုင်သေးတာကြောင့် သူတို့ ထုတ်ပြန်ချိန်ကို စောင့်ဖို့ ယနေ့ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ဆက်လက်ပြီး အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ “Ko Zaw Ko Ko”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေ ထားတဲ့ ဓာတ်ပုံတွေထဲက ပထမဆုံးမီးခိုးရောင်မိုးကာပေါ်က လက်နက်ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ် မတ် ၁၂ ရက်ကနေ့က ဖာပွန်ခရိုင် မယ်ပေါ်ထ ဒေသမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

“ဖာပွန်ခရိုင်တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အများအပြားရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ယခု ရက်ပိုင်းအတွင်း ဖာပွန်ခရိုင် မယ်ပေါ်ထ ဒေသမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ တပ်မဟာ(၅) စစ်ကြောင်းမှူး ကွပ်ကဲ ဦးစီးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ(၉၇) တပ်တို့ တိုက်ပွဲဖြစ်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီတပ် က ၃ဦးသေဆုံးပြီး တပ်ခွဲမှူး ၂ဦး အပါအဝင် ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။”လို့ Public Voice Television သတင်းဌာနကရေးသားပါတယ်။

မူရင်းလင်ခ့် – Public Voice Television | Archive link

တပ်မ ၇၇ ဘက်တံဆိပ်ပါ စစ်ဝတ်စုံတွေနဲ့ ဗုံးသီးတွေပါဝင်တဲ့ ဓာတ်ပုံကိုလည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က The Chin Dwin သတင်းဌာနက ဖော်ပြခဲ့တဲ့ “မြန်မာစစ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆုံးရှုံးမှုကြီးကြီးမားမား ထပ်မံရင်ဆိုင်နေရ”လို့ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – The Chin Dwin | Archive link

နောက်ထပ်ဓာတ်ပုံတစ်ပုံဖြစ်တဲ့ တပ်မ ၆၆ ဘက်တံဆိပ်နဲ့ စစ်ဝတ်စုံတွေ၊ သံဦးထုပ်နဲ့ ဗုံသီးတွေပါတဲ့ ဓာတ်ပုံဟာလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက်စွဲနဲ့ “ဒီးမော့ဆိုတိုက်ပွဲ၊ ဒေါဆိုရှေ့ကျေးရွာတိုက်ပွဲတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သား အလောင်းများ နှင့်လက်နက်များ KNDF ထုတ်ပြ”ဆိုတဲ့ Thadinn ဝက်ဘ်ဆိုဒ်က သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – Thadinn | Archive link

နောက်ထပ်သံဉီးထုတ်၊ဗုံးသီး၊ကျဉ်ဆံနဲ့သေနတ်တွေပါဝင်တဲ့ဓာတ်ပုံကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က မဇ္ဈိမရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဒီသတင်းမှာတွေ့ရပါတယ်။

သုံးသပ်ချက်

ဥကရစ်ထစခန်းကို လုံးဝသိမ်းပိုက်လိုက်ပြီဆိုတာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကအတည်မပြုသေးချိန်မှာ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့လအနည်းငယ်ကပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဥကရစ်ထစခန်းသိမ်းအပြီးရရှိတဲ့လက်နက်တွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား

Fact Check By: Nayar Maung

Result: Misleading