
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားပုံအဖြစ် ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာမျှဝေနေတာ တွေ့ရပါတယ်။
တကယ်တော့ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည်၂၀၁၇ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဉက္ကဌဟောင်း ဦးအောင်ရွှေရဲ့ နာရေးကို တက်ရောက်ပြီးအပြန်က ပုံဖြစ်ပါတယ်။
“အဖမ်းခံနေကြဆိုတော့ သူ့အတွက်တော့
မစဥ်းတတ်လောက်ဘူး။
ကျန်ခဲ့တဲ့ ပြည်သူ တွေအတွက်
သူမရဲ့ plan တွေ အကောင်ထည်
မဖော်ခဲ့ရမှာပဲ စိုးရိမ်နေလောက်ပြီ။
အထူးသဖြင့် Covid Vaccine.”လို့ ရေးသားပြီး Michael San Aung အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၄၀၀ ကျော် ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Yandex မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Getty Images မှာ ဒီဓာတ်ပုံကို “၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဉက္ကဌဟောင်း ဦးအောင်ရွှေရဲ့ နာရေးကို တက်ရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာစဉ်။ AFP PHOTO / AUNG Kyaw Htet (Photo credit should read AUNG KYAW HTET/AFP via Getty Images)”လို့ ရေးသားထားပါတယ်။ ဒီလင့်ခ်မှာလည်း ကြည့်နိုင်ပါတယ်။

မူရင်းလင်ခ့် – Gettyimages.ie | Archive link
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က နေအိမ်မှာပဲ နေအိမ်အကျယ်ချုပ်ပုံစံမျိုးရှိနေတာလည်းဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဖမ်းဆီးထားပေမဲ့ အခြားကိုခေါ်ဆောင်သွားတယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ ဓာတ်ပုံဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဉက္ကဌဟောင်း ဦးအောင်ရွှေရဲ့ နာရေးကိုတက်ရောက်ပြီးအပြန်ပုံဖြစ်ပါတယ်။