Fact Check: ၂၀၁၉ ခုနှစ်က အမေရိကန်မရိန်တပ်ဖွဲ့က ကုန်တင်ယာဉ်မီးလောင်မှုကို တန့်ဆည်မှာ စစ်ကားမိုင်းထိပုံအဖြစ်မျှဝေ

False လူမှုရေး

စစ်တပ်က စစ်ကားမိုင်းထိတဲ့ ဓာတ်ပုံအဖြစ် ယာဉ်တစ်စီးမီးလောင်နေတဲ့ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ အများ အပြားက ကြိမ်ဖန်များစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။  

သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းကအင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပြီး အမေရိကန် နိုင်ငံက စစ်ယာဉ်တစ်စီးမီးလောင်မှုဓာတ်ပုံဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်မှာ စစ်ကားမိုင်းခွဲခံရတဲ့ ဓာတ်ပုံအဖြစ် “Yu Yu Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃ ရက်က မျှဝေထားရာ ဒီဓာတ်ပုံကို မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၁ ထောင် ၂ ရာရှိပါတယ်။ ပို့စ်မှာ “အကျကျကျတော့ ဇော်မဲလုံးမြင်အောင်ပြရမယ် တန်ဆည်နယ်က တွယ်လိုက်တဲ့ စခကား ။”လို့ရေးသားထားပါတယ်။ဒီဓာတ်ပုံပါဝင်ပြီး တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

ထို့အပြင် အောက်တိုဘာလထဲမှာ မုံရွာမှာ စစ်ကားမိုင်းထိတဲ့ ဓာတ်ပုံအဖြစ် ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးတွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို abc 10 News San Diego အမည်နဲ့ သတင်းဌာနက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်က ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာအသုံးပြုထားတာ တွေ့ရပါတယ်။

သတင်းရဲ့ ခေါင်းစီးပိုင်းစာသားအဖြစ် “အမေရိကန် မရိန်းတပ်ဖွဲ့ယာဉ်တစ်စီးဟာ အိုရှန်းဆိုဒ် ပြည်နယ်ချင်း ဆက်လမ်းအမှတ် ၅ ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့”လို့ရေးသားထားပါတယ်။ နေ့လယ် ၁ နာရီလောက်မှာ အသေးစားပေါက်ကွဲမှုတွေနဲ့အတူ စစ်ကားတစ်စီး မီးလောင်နေတဲ့အကြောင်း မျက်မြင်တစ် ယောက်က သတင်းပို့ခဲ့တယ်လို့ အိုးရှန်းဆိုဒ်မီးသတ်ဌာနအကြီးအကဲ ပီတီလောရန်စ်(Pete Lawrence) ကပြောကြောင်းလည်း ဒီသတင်းမှာ ကိုးကားရေးသားထားပါတယ်။

မူရင်းလင်ခ့် – 10 News San DiegoArchive link

nbcsandiego အမည်နဲ့သတင်းဌာနကလည်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်က ဒီသတင်းကို ဖော်ပြခဲ့တာ တွေ့ရပါတယ်။

အမေရိကန် မရိန်းတပ်က စစ်ကားမီးလောင်မှုဓာတ်ပုံနဲ့ တန့်ဆည်မှာ မိုင်းထိတဲ့ကားဓာတ်ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ တန့်ဆည်မှာ စစ်ကား မိုင်းခွဲခံရမှုအဖြစ် မျှဝေနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်က အမေရိကန်နိုင်ငံ ဆန်ဒီရေဂိုမှာ  မရိန်းတပ်ဖွဲ့က စစ်ကားတစ်စီးမီး လောင်မှု ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:၂၀၁၉ ခုနှစ်က အမေရိကန်မရိန်တပ်ဖွဲ့က ကုန်တင်ယာဉ်မီးလောင်မှုကို တန့်ဆည်မှာ စစ်ကားမိုင်းထိပုံအဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *