Fact Check: ဆန္ဒပြစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေပုံလား-မဟုတ်ပါ

False လူမှုရေး

မန္တလေးမှာ ဆန္ဒပြရင်းပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေတဲ့အထောက် အထားအဖြစ် စစ်သားတွေမြေကျင်းတူနေဟန်ပုံတွေကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

မကြယ်စင်အပါအဝင် မတ် ၁၁ ရက်အထိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်ထိမှန် သေဆုံးခဲ့ရသူ ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ မကြယ်စင်ဟာ သူ့မသေခင်ဖေ့စ်ဘွတ်မှာ ရေးသားချက်တွေနဲ့ သေနတ်နဲ့ အပစ်ခံရအပြီး သေဆုံးခဲ့ရချိန်မှာ လူမှုကွန်ယက်အသုံးပြုသူများအကြား တမုဟုတ်ခြင်း ပျံ့နှံ့ခဲ့ပါတယ်။

ထို့အပြင် သေဆုံးသူမကြယ်စင်ရုပ်လောင်းကို စစ်တပ်က ပြန်လည်တူးယူခဲ့တာလည်းတွေ့ရပါတယ်။

သို့သော်လည်း ဓာတ်ပုံတွေဟာ မကြယ်စင်ရဲ့ အလောင်းကို တူးဖော်နေတဲ့ပုံတွေမဟုတ်ပါဘူး။

“မကြယ်စင် ရုပ်အလောင်းဖွင့်ဖောက်ခြင်း

5-3-2021(ည)”လို့ ရေးသားပြီး “ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ နှင့် သုတရသ ဗဟုသုတများ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ သောင်းဝန်းကျင်ရှိခဲ့ပါတယ်။ တူညီစွာရေးသား မျှဝေထားပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link 

Youtube မှာလည်းမှာ “ညီမလေး ကြယ်စင် အုတ်ဂူကို စစ်တပ်ကလာဖောက်”လို့ရေးသားပြီး ဗွီဒီယိုကို အောက်ပါအတိုင်း ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link |  Archive link 

အချက်အလက်စိစစ်ချက်

ပျံ့နှံ့ခဲ့တဲ့ပို့စ်ရဲ့ အောက်ခြေက မှတ်ချက်တွေကိုလေ့လာကြည့်ရာမှာ ဒီဓာတ်ပုံဟာ မကြယ်စင်ရဲ့အလောင်း ပြန်လည်တူးဖော်ပုံမဟုတ်ကြောင်းသတိပြုမိပါတယ်။  ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကဖြစ်စဉ် တစ်ခုက ဖြစ်ကြောင်းမျှဝေထားဖြစ်တယ်ဆိုတာကို မှတ်ချက်ကလင့်ခ်တွေမှာတွေ့ ရပါတယ်။ 

လူမှုကွန်ယက်က အဓိကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ထပ်မံရှာဖွေကြည့်ရာမှာ “ကျောက်ပန်းတောင်းမြို့မှ တွေရှိသော်ဗုံး”လို့ ရေးသားလျက်  ၂၀၂၀၊ ဒီဇင်ဘာ ၁၀ ရက်မှာ TikTok အကောင့်တစ်ခုဖြစ်တဲ့ @ Taza182 ကမျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် –  Taza182 |  Archive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလထဲမှာ စစ်တပ်က ကျောက်ပန်းတောင်းမြို့မှာ ဗုံးသီးဟောင်းတစ်လုံး တူးဖော်နေပုံကို မန္တလေးမှာ ဆန္ဒပြရင်း သေနတ်နဲ့အပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်တပ်က ပြန်လည်တူးဖော်နေပုံအဖြစ်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:ဆန္ဒပြစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *