Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆို ချက် စစ်တပ်လက်ခံတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက် မြန်မာစစ်တပ်လက်ခံလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “ဒေါ်စု အရေးပေါ်သတင်း အမေစု ပြန်လွတ်ဖို့ တောင်းဆိုပြီ ၊ ပုပ်ရဟန်းမင်းကြီး တောင်းဆိုချက်အကြမ်းက် စစ်ကောင်စီလက်ခံ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။  Also read – ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား အခုလည်း […]

Continue Reading

Fact Check: နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာအသိမ်းခံရပြီး အရေးပေါ် ဖုန်းတွေ ဖြတ်တောက်ထားဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်နေအိမ်ကို စစ်ကားတွေနဲ့ ဝိုင်းထားပြီး အရေးပေါ်ဖုန်းလိုင်တွေပါဖြတ်တောက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နေပြည်တော် အမှောင်ချလိုက်ပြီ စစ်ခေါင်းဆောင်နေအိမ် စစ်ကားအပြည့်နဲ့ ဥဩသံဆွဲနေပြီ အရေး‌ပေါ်ဖုန်းလိုင်းတွေဖြတ်တောက်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အမှန်တကယ် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်သတင်းဌာန” ကိုတုပထားပြီး အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတွေ လုပ်ကြံရေးသားကာ ဖြန့်ဝေနေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီး လွှတ်ဖို့လုပ်လို့ တိုင်းမှူး ၅ ယောက် ဖြုတ်ချခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး လွှတ်ပေးဖို့ လုပ်တဲ့အတွက် တိုင်းမှူး ၅ ယောက်ကို ရာထူးကနေ စစ်ခေါင်းဆောင် ဖြုတ်ပစ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   â€œá€™á€Ąá€œ မသိအောင် ဒေါ်စုကို တွေ့ပြီး  လွှတ်ဖို့လုပ်တဲ့ တိုင်းမှူး(၅)ယောက် ဖြုတ်ချခံရ တပ်တွင်းပုန်ကန်မှု ပွဲဆူကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး […]

Continue Reading

Fact Check: လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်သား ၅၀၀ လေယာဉ်နဲ့ ‌ဗုံးကြဲခံရဆိုတဲ့ သတင်းတု

လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးမှားကြဲမိလို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   â€œá€œá€ąá€šá€Źá€‰á€şá€”á€˛á€ˇá€—á€Żá€śá€¸á€™á€žá€Źá€¸á€€á€ťá€˛á€•á€źá€Žá€Ÿá€ąá€ˇ  လိုင်ဇာအနီးစစ်စခန်းများမှဆုတ်ခွာလာတဲ့စစ်ခွေး(၅၀၀) လေယာဉ်နဲ့ဗုံးမှားကျဲမိပြီးအစုပြုံလိုက်သေကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီ ဆိုတဲ့ သတင်းတု

ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှု့မှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “ဇန်နဝါရီလ(၁)ရက်နေ့ သတင်းထူး!! ပြင်ဦးလွင်နဲ့လားရှို့းမှာ လက်နက်ချလိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Latest News အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ “ပြင်ဦးလွင်နဲ့ လားရှိုးမှာ လက်နက်ချလိုက်ပြီ”လို့ရေးသားပြီး ဗွီဒီယိုကို ဖြန့်ချိထားပေမယ့် တကယ်တမ်း ဗွီဒီယိုပါ […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်က နေအိမ် ကို ပြန်ရောက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၄)ရက်နေ့ လွတ်လပ်ရေးနေ့အောင်ပြီ အမေစုလွတ်ငြိမ်းခွင့်ရပြီဟေ့ ခြံအမှတ်(၅၄)နေအိမ်ကို ပြန်ပို့ပေးလိုက်ပြီ ရန်ကုန်ခေတ်သစ် တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၄ ရက်မှာ စစ်ခေါင်းဆောင်က အကျဉ်းသား ၉၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားအချို့ပါဝင်လာပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ သို့သော်လည်း ‌ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် လျော့‌ပေါ့ပေးတဲ့ ကြေညာချက်သို့မဟုတ် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂက ပိတ်ပင် လိုက်ပြီဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  သတင်းမီဒီယာအချို့က ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး မသက်ဆိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ အလားတူ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အာဆီယံနဲ့ UN အရေးယူမှုကြမ်းပြီဗျို့ မအလ လေယာဉ်ဆင့်ခွင့်ပိတ်သိမ်း Khit Thit အတည်ပြုကြေညာ လိုက်ပြီ‌ဗျို့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေ တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဗဟိုဘဏ်ဗုံးဖောက်ခံရပြီး ပိုက်ဆံ သန်း ၁၀၀ မီးလောင်သွားတဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယို

စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေထားတာ သတင်းမှား တခုသာ ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ် ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ညက ဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ကြည့်မယ်ဆိုရင် မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီ ပြန်လည်ဖြန့်ဝေ နေတာတွေ့ရပါတယ်။  အခု ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ယူကျူ့မှာယနေ့ ဖြန့်ဝေခဲ့တဲ့ “Khit […]

Continue Reading

Fact Check: ဝက်လက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးဖမ်းမိဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှား

ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဝင်သိမ်းခဲ့ရာမှာ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှားဖြစ်တယ်။  အလားတူရေးသား မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Burma Television”ယူကျူ့ချန်နယ်နဲ့ “News-for-today” ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာက နိုဝင်ဘာ ၂၁ ရက်ကဖော်ပြခဲ့တဲ့ “ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် […]

Continue Reading

Fact Check: BGF ဗိုလ်မှူးကြီး စောချစ်သူ လက်နက်ချအလင်းဝင်ပြီး KNU နဲ့ပူးပေါင်းလိုက်တဲ့ သတင်းတု

BGF ဗိုလ်မှူးကြီး စောချစ်သူ KNU ဆီလက်နက်ချအလင်းဝင်ပြီး ပူးပေါင်းလိုက်တဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ “June 27, 2023 စောချစ်သူ KNU နဲ့ပူးပေါင်းလိုက်ပြီ”လို့ ဗွီဒီယိုခေါင်းစီမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “BGF ခေါင်းဆောင်စောချစ်သူ KNU ထံလက်နက်ချ အလင်းဝင်ပြီ စစ်တပ်ကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်ပြီ” စသည်ဖြင့်လည်းရေးသားထားပါတယ်။ အလားတူရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ မူရင်းလင်ခ့် – Youtube  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဟာ သတင်းမီဒီယာတွေဆီက သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေရဲ့ ဖော်ပြချက်သာဖြစ်တယ်။ “Share Local […]

Continue Reading