Fact Check: ကိုမင်းကိုနိုင် မြဝတီမှာဖမ်းဆီးခံရဆိုတဲ့သတင်းမှား

စစ်တပ်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို မြဝတီမြို့မှာ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား တစ်ခုဖြစ်ပါတယ်။ “မင်းကိုနိုင်(ခ)ခေါကြီးအား အမှတ် 3ရပ်ကွက် ကြံခင်းလမ်း ငွေကြယ် စင်ဖုန်းဆိုင် လမ်းကြားသို့မဟုတ်  ကရင်စာပေခြံနောက် 5လမ်း မြဝတီ မြို့တွင် ယခု 19း50တွင်ဖမ်းဆီးရမိ”လို့ ရေးသားပြီး “ဇော် မင်း လွင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၁၇ ရက်ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံသူတွေက နိုင်ငံရေးအကျပ်အတည်းကြောင့် ကောလာဟလထုတ်လွှင့်ပြီး လူထု ကို အာရုံလွှဲတာဖြစ်နိုင်ကြောင်းနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကိုမင်းကိုနိုင်ကအတည်ပြုတယ်လို့ Khit […]

Continue Reading

Fact Check: Voice of Mandalay ဖေ့စ်ဘွတ်စာမျက်နှာစီမံခန့်ခွဲသူ အဖြစ်ဖော်ပြ နေတဲ့ဓာတ်ပုံအမှား

Voice of Mandalay page ရဲ့ admin တစ်ဦးဖြစ်တဲ့ မယုဝေမြင့် မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေးခံထားရပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အဝါရောင် ရင်စေ့အင်္ကျီနဲ့ လှလှပပအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံနဲ့ အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက်မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံပါဝင်ပါတယ်။  တစ်ပုံဟာ မယုဝေမြင့်အဖြစ်မှန်ကန်ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။ “Voice of Mandalay page ရဲ့ admin လို့ စွပ်စွဲခံရတဲ့ Yuh Wai Myint ကို မနေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေး ခံထားရ❗ စက်တင်ဘာ ၁၄ #bahaninformation #DMZ”လို့ ရေးသားပြီး “Zaw […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ ခုနှစ်အတွင်းက ကျွန်ပညာရေးကို သရုပ်ဖော် ဆန္ဒပြဓာတ်ပုံတွေသာဖြစ်ပါတယ်

စာသင်ကျောင်းမှာ အရက်ပုလင်းထောင်ကာဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို သေနတ်ထောက်ပြီး PDF တွေက အတင်းအဓမ္မ ဆန္ဒပြခိုင်းနေတယ်ဆိုပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်က ရေဦးမြို့နယ်မှာ ကျွန်ပညာရေး သရုပ်ဖော်ဆန္ဒပြစဉ်က ဓာတ်ပုံတွေဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။ “Breaking News PDF အကြမ်းဖက်များမှ စာသင်ကျောင်းမှာ မိုက်ကြေးခွဲ အရက်ပုလင်းထောင်ကာ ဆရာ ဆရာမများနဲ့ ကျောင်းသူ ကျောင်းသားလေးများကို သေနတ်ထောက်ကာ အတင်းအဓမ္မ ဆန္ဒပြခိုင်”လို့ ရေးသားပြီး “Angelina Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: သတင်းခေါင်းစဉ်တုတွေဖြန့်ချိနေတဲ့ ခမာဘာသာ “ផ្កាយ” ဖေ့စ်ဘွတ်စာမျက်နှာ

မြန်မာလို့ “ကြယ်ပွင့်”လို့ဘာသာပြန်ဆိုနိုင်တဲ့ ခမာဘာသာနဲ့ “ផ្កាយ”လို့ရေးသားထားတဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ်ခေါင်းစဉ်တုတွေနဲ့ သတင်းတွေကို ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမီဒီယာလုပ်ငန်းအချို့က သတင်းတွေကို သတင်းတုခေါင်းစဉ် ပေးပြီး ဗွီဒီယိုပုံစံ ယူကျူ့နဲ့ဘလော့ဂ်အချို့မှာ ပြန်လည်ဖော်ပြနေခြင်းဖြစ်ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ အောက်ပါ screenshot ကတော့ လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာ ဒီစာမျက်နှာဖော်ပြခဲ့တဲ့ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဗွီဒီယိုတွေပဲဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာမှစတင်ဖွင့်လှစ်ခဲ့တဲ့ ဖေ့စ်ဘွဝ်ဒီစာမျက်နှာဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဗွီဒီယို ပေါင်း ၂၂၀ ကျော်ကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  များသောအားဖြင့် ပို့စ်ပါစာသားနဲ့ ဗွီဒီယိုရုပ်သေမှာဖော်ပြထားတဲ့ ခေါင်းစဉ်ပါစာသားတွေ ဗွီဒီထဲမှာတဲ့ အကြောင်းအရာ […]

Continue Reading

Fact Check: ချောင်းဦး ယာကြီးတောရွာကို PDF တွေက မီးရှို့ဖျက်ဆီးမှုအဖြစ် သတင်းမှားဖြန့်

ချောင်းဦး ယာကြီးတောရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ Khit Thit Media က ကနဦးဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်ပါဓာတ်ပုံတွေဖြစ်ပါတယ်။  â€œá€á€ťá€ąá€Źá€„်းဌး၊ ယာကြီးတောကျေးရွာကို PDFအကြမ်းဖက်မှမီးရှို့ဖျက်ဆီး အိမ်ခြေ ၆၀ မီးလောင်ကျွမ်းပြာကျ  June 29 စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်ယာကြီးတောကျေးရွာကိုPDF အဖွဲမှဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးကြောင်း ကျေးရွာဒေသခံတစ်ဦးမှ ပြောကြား  ရှို့တာက PDF တွေရှို့တာပြီးရင် စစ်တပ်ကလုပ်ပါတယ်ဆိုပြီးသတင်းလိမ်တွေနဲ့ လူထုကိုချပြနေတယ်လို့ သိရှိရပါတယ်”(မူရင်းအရေးအသား) စသည်ဖြင့်“Min Min Oo”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check:  ဝမ်းတွင်း ကျင်ရွာ မီးရှို့မှုကို PDF အချင်းချင်း အလှူငွေအလွဲသုံး စားသည့် ကိစ္စကြောင့် မီးရှို့မှုအဖြစ် သတင်းမှားဖြန့် 

ဝမ်းတွင်းမြိုနယ် ကျင်းရွာရှိ PDF ခေါင်းဆောင် နန်းခိုင်က အလှူခံထားတဲ့ငွေတွေကို အလွဲသုံးစားလုပ်တဲ့ အတွက်  PDF အချို့က ကျင်းရွာရှိ နန်းခိုင်ရဲ့ နေအိမ်ကို မီးရှို့ခဲ့တယ်ဆိုတဲ့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “PDF အချင်းချင်း အလှူငွေအလွဲသုံးစားလုပ်သည့်ကိစ္စမကျေနပ်သဖြင့် နေအိမ်မီးရှိမှုဖြစ်ပွား ဝမ်းတွင်းမြိုနယ် ကျင်းရွာရှိ PDF ခေါင်းဆောင် နန်းခိုင်သည် အလှူခံထားသည့်အလှူငွေများအား အလွဲသုံးစားလုပ်သည်ကို မကျေနပ်သဖြင့် PDF အချိုမှ ကျင်းရွာရှိ နန်းခိုင်၏နေအိမ်အား မနေ့ညက မီးရှိဖျက်ဆီးသွားခဲ့ကြောင်းသိရ။ crd- ဝမ်းတွင်းမြိုသတင်းများ”လို့ရေးသားပြီး “Ko Putin” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: PDF တွေဝင်လာလို့ရွာသားတွေထွက်ပြေးရတယ်ဆိုတဲ့ သတင်းမှား

PDF တွေဝင်လာလို့ ရွာသားတွေ ထွက်ပြေးရတဲ့ ဗွီဒီယိုလိုဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဧရာဝတီ-ချင်းတွင်းမြစ်ဆုံဒေသကို စစ်တပ်က ဝင်ရောက်စီးနင်းမှု ဗွီဒီယိုဖြစ်ပါတယ်။ “ဗွီဒယို နဲ့ တင်တာကို ဖင်ပိတ်ပြီး လိပ်ကို ဂျပိုးဖြစ်အောင် လာမန့်ဖို့မကျန်နဲ့ PDF အကြမ်းဖက်သမားများ  ဓားမြဝင်တိုက်လို့  ရွာသားများထွက်ပြေးနေရတဲ့ မြင်ကွင်း ကျေးရွာများအတွင်း  အကြမ်းဖက် Pdf များ ဝင်ရောက်လာသောကြောင့် ကျေးရွာပေါင်း ၆ ရွာခန့်မှာ ရွာသား ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးသည့်ရွာသားများအား လိုက်လံပစ်ခတ်ခဲ့ပြီး အဆိုပါ NLD ထောက်ခံသူ Pdf အကြမ်းဖက်များသည် လူမရှိတော့သည့် နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများအား ခိုးယူနေကြောင်းနှင့် ကျေးရွာများတွင် သွယ်တန်းထားသော […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ကနီမြို့နယ် ဝင်မနားရဲစခန်းအား PDF ကရှင်းလင်းတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်

လူမရှိတော့တဲ့နေအိမ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ္စည်းခိုးယူနေတဲ့ ဓာတ်ပုံတွေလို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကနီမြို့နယ် ဝင်မနား နယ်မြေရဲစခန်းကို PDF တွေက ဝင်ရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ “လူမရှိတော့တဲ့အိမ်တွေကပစ္စည်းတွေကိုပဒက်လေးတွေခိုးယူနေတဲ့ပုံတွေပါ… ပြီးရင်စစ်တပ်ကခိုးယူသွားတာပါလို့မီဒီညာတွေနဲ့ပေါင်းပြီးကမ္ဘာကိုအရင်ချပြတာ… အလိမ်အညာတွေကကမ္ဘာကိုပတ်နေချိန်အမှန်တရားကိုဖော်ပြတဲ့ MRTV apk ကဖြုတ်ချခံလိုက်ရပြီ….😏 #နေမင်းသူရိန်”လို့ရေးသားပြီး “နေမင်း သူရိန်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်က သယ်ယူနေတဲ့ ဓာတ်ပုံကို ပထမဆုံး ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  “ludunwayoo”အမည်နဲ့ဝက်ဘ်ဆိုဒ်က မေ […]

Continue Reading

Fact Check: KNLA တပ်မဟာ (၅) မှာ NUG ကငွေအတုထုတ်နေတယ်ဆိုတာ မဟုတ်ပါ

KNLA တပ်မဟာ (၅) ဧရိယာအတွင်းမှာ NUG ကငွေစက္ကူအတုတွေထုတ်နေတယ်ဆိုပြီးတော့ ငွေစက္ကူ ရိုက်နေတဲ့ဓာတ်ပုံနဲ့ ကျပ် ၅၀၀၀ နဲ့ ကျပ် ၁၀၀၀ တန်အချို့ကိုဖော်ပြထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ သတင်းမှား တစ်ခုသာဖြစ်ပါတယ်။ KNLA တပ်မဟာ ၅ တာဝန်ရှိသူက ဒီသတင်းကို ငြင်းဆိုထားသလို ဓာတ်ပုံတွေဟာလည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်တဲ့ ငွေစက္ကူနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ပို့စ်ကတော့ အောက်ပါအတိုင်းရေးသားထားပါတယ်။ “တည်နေရာ.KNU.5/7.ဘဲကလော်.ဒုက္ခသည်စခန်း နိုင်ငံခြားသား(WMS) ပညာရှင်တွေလက်ရာတွေ NUG အကြမ်းဖက်များမှ ငွေစက္ကူအတုများထုတ်လုပ်ခြင်းဆောင်ရွက်နေ NLD ပါတီမှတောခိုပြီး ဒုက္ခရောက်နေသည့် PDFများအား ထောက်ပံ့ရန် ငွေးကြေးလုံးလောက်မှုမရှိသည့်အပြင် အလှုငွေများကောက်ခံရရှိမှုနည်းပါလာသည့်အတွက် ငွေစက္ကူအတုများထုတ်ပြီး မြန်မာ့ငွေကြေးအားဖျက်စီးနေ အဆိုပါ ငွေကြေးအတုထုတ်လုပ်သည့်နေရာဟာ KNLA တပ်မဟာ (၅) […]

Continue Reading

Fact Check: ကောလင်းမှာ CDM ၄ ယောက်ကို PDF ကလက်ပြန်ကြိုးတုတ်သတ်တယ် လို့ သတင်းမှားဖြန့်

ကောလင်းတွင် CDM၄ဦးကို PDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့တယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။  “ကောလင်းတွင်CDM၄ဦးကိုPDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့ ဖေဖော်ဝါရီ၂၃၊၂၀၂၂ ကောလင်းမြို့၊မင်းကုန်းရွာထိပ်တောင်ကုန်းတွင်နံနက်ပိုင်းကCDM ထွေအုပ်စာရေးမ အပါအဝင်၄ဦး ဖြစ်ပြီးPDFစခန်းမှထွက်ပြေးခဲ့လို့အားလုံးကိုသတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။  တပ်မတော်စစ်ကြောင်းမှလူသတ် PDFများကိုလိုက်လံရှင်းလင်းနေဟုသိရ”လို့ ရေးသားပြီး “မိုးအက္ခရာ မိုးအက္ခရာ”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၄ ရက်က မျှဝေထားတာတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံး အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး ဖေ့စ်ဘွတ်မှာ အကြောင်းအရာပျံ့နှံ့မှုကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ Khit Thit Media ကဖော်ပြထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု […]

Continue Reading