Fact Check: မန္တလေးမြို့‌ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး လူတွေအပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ သတင်းခေါင်းစဉ်တု

မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဗုံးမိုးရွာနေလို့ အပြင်မထွက်ကြဖို့ PDF-mdy ကတိုက်တွန်းလိုက် တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခုဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News မအလ ရှုံးပြီဝန်ခံလိုက်ပြီ မန္တလေးမြို့ကိုချကုန်ပြီဟေ့ လုံးဝ အပြင်မထွက်ရ PDF-mdy ကြေညာလိုက်ပြီ၊ ဗုံးမိုးရွာပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့(အထူးသဖြင့် ရန်ကုန်ခေတ်သစ် မီဒီယာက) သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပြီး  ရန်ကုန်ခေတ်သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ အခုလည်း မန္တလေးမြို့မှာ တိုက်ပွဲတွေဖြစ်ပြီး […]

Continue Reading

Fact Check: သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ် လိုက်တယ်ဆိုတဲ့ သတင်းတု

သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်လိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “Breaking News သံဃာ(၅)သိန်းထိုးကျွေးပြီးဟေ့ စစ်ရှုံးနေတဲ့သမ္မတရူးမအလကြင်စိုး သီတဂူနဲ့လက်ဝါးချင်းရိုက်ပြီ  သံဃာတွေပါစစ်မှုထမ်းရမည် မအလ အမိန့်ထုတ်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ ထင်ယောင် ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တု တွေတပ်ဖြန့်ချိလေ့ရှိတာလည်းတွေ့ရတယ်။ “Khit Thit Televison”အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ သတင်းတုဖြန့်ဝေမှုတွေအကြောင်း အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာကြည့်ပါ။  […]

Continue Reading

Fact Check: ဝက်လက်စခန်းသိမ်းတိုက်ပွဲ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးဖမ်းမိဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှား

ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဝင်သိမ်းခဲ့ရာမှာ စစ်သား ၁၀၀ သေဆုံးပြီး ၂၀ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်မှားဖြစ်တယ်။  အလားတူရေးသား မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Burma Television”ယူကျူ့ချန်နယ်နဲ့ “News-for-today” ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ ခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ဖြန့် ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ ရန်ကုန်ခေတ်သစ်မီဒီယာက နိုဝင်ဘာ ၂၁ ရက်ကဖော်ပြခဲ့တဲ့ “ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက် […]

Continue Reading

Fact Check: ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်းကြေညာတဲ့ သတင်းတု

၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က ဖျက်သိမ်းကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တခု ယူကျု့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”ယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ကအချက်အလက် စိစစ်ချက်တွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွ ေကဖော်ပြခဲ့တဲ့ သတင်းအချို့ကို မသက်ဆိုင်တဲ့ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့် ဝေလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုထဲမှာ စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် NCA စာချုပ် […]

Continue Reading

Fact Check: ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ကြောင်း ဗိုလ်မှူးကြီး ၅ ဦး တိတ်တဆိတ်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၉)ရက်နေ့ နံနက်ခင်းအထူးသတင်း မယုံဘူးပြောနေတဲ့ (ဘောမ)ကြည့်ထားကြ ရန်ကုန်မြို့ကို KNU ၊PDF ထိန်းလိုက်ပြီ ဗိုလ်မှူးကြီး(၅)ဦး တိတ်တဆိတ်ဖမ်းလိုက်ပြီ”လို့ရေးသားထားတာကို “Burmese Television”အမည်နဲ့ ယူကျူ့ ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ရန်ကုန်မြို့ကို KNU PDF ထိန်းချုပ်လိုက်ကြောင်း ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အမှန်မှာတော့ […]

Continue Reading

Fact Check: ဥကရစ်ထစခန်းသိမ်းအပြီးရရှိတဲ့လက်နက်တွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်ထဲက ဥကရစ်ထစခန်းသိမ်းအပြီးရရှိတဲ့ လက်နက် တွေအဖြစ် ဓာတ်ပုံ ၆ ပုံဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ တကယ်တော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။   “နောက်ဆုံးမှာတော့ ဆေးမူးပြီး ခံပစ်နေတဲ့စခမသာကောင်(၅၀)ကျော်နဲ့အတူ လက်နက်အလှူကြီးများစွာနဲ့ဥကရစ်ထစခန်းကိုတော့ အပြီးသိမ်းလိုက်ပါပြီ။ ဆေးပြယ်ပြီးထွက်ပြေးနေတဲ့ခွေးတွေကိုတော့ လိုက်လံရှင်းလင်းနေဆဲပါ လက်ရှိမှာတော့ ရှုံးမဲ၊မဲပြီး လေထဲက ရမ်းကြဲချနေတဲ့ ‌ဂျက်‌ေလယာဥ်ဗုံးတွေကို ထိုင်ကြည့်နေကြတယ်။ ရှေ့ဆုံးက ရွံရွံချွံချွံတိုက်ခဲ့ကြတဲ့ ဗိုလ်စလုံး၊တို့ရဲ့ဆင်ဖြူတပ်ရင်းကို ဂုဏ်ပြုပါတယ်။ စစ်ကူလာတဲ့စကစရဲ့ဗျူဟာကုန်းနဲ့စောစတီးရဲ့DKBAခွေးတွေကို ကိုယ်တိုင်စက်ကြီးကိုင်ပြီး ကြားကဖြတ်တိုက်ခဲ့တဲ့ စောတာပေါရဲ့ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းအဖွဲ့တွေအာလုံးကို ဂုဏ်ပြုပါတယ်။ အခိုင်မာစခန်းချဘို့အတွက် မနက်ဖြန် အောင်ပွဲနိုင် အထိမ်းမှတ်ဖြင့် အလံတင်အခမ်းနား ကျင်းပပြီး ကျဆုံးသူရဲကောင်များကို အလေးပြုရင်း မီးသဂြိုလ်မှာ ဖြစ်တယ်”စသည်ဖြင့် ရေးသားပြီး “Ko Zaw Ko Ko”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading