Fact Check: လစ်ဗျားနိုင်ငံကအပျက်အစီးဓာတ်ပုံတွေကိုချင်းပြည်နယ်ထန်တလန်က မြင်ကွင်းအဖြစ်မျှဝေ

ချင်းပြည်နယ် ထန်တလန်မြို့က မီးလောင်ပြီးစ မြို့မြင်ကွင်းဆိုပြီးတော့ အဆောက်အဦးအပျက်အစီးမြင်ကွင်း ဓာတ်ပုံ ၂ ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုလကုန်ပိုင်း ကနေ နိုဝင်ဘာလဆန်းပိုင်းအထိ ချင်းအခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိမ်ခြေအမြောက်အများမီးရှို့ခံရတဲ့ ဓာတ်ပုံနဲ့ သတင်းတွေကိုမီဒီယာတွေမှာဖော်ပြပါတယ်။ သို့သော်လည်းအောက်ဖော်ပြပါ ဖေ့စ်ဘွတ်ပို့စ်ပါဓာတ်ပုံတွေကတော့ လစ်ဗျားနိုင်ငံက ဓာတ်ပုံတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  “မီးလောင်ပြီးစ ထန်တလန် မြို့မြင်ကွင်းပါ ကမ္ဘာကိုဖြန့်ပေးကြပါ စစ်ကောင်စီကို အရေးယူပေးပါတော့  အမေရိကန်သမ္မတကြီးရေ”လို့ရေးသားပြီး “Mai Chan”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်တိုဘာ ၃၀ရက်က ရေးသားမျှဝေထားရာမှာ ဒီပို့ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၉ထောင်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် PDF တွေတောထဲမှာ ဝတ်ပြုနေပုံ လား-မဟုတ်ပါ

တောထဲရောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘာသာရေး ဝတ်ပြုနေပုံဆိုပြီးတော့ ပျောက်ကျား ဝတ်စုံဝတ်လူငယ် ၄ယောက်ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့သော်ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာသိမ်းမှုအပြီးမှာ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defense Force-PDF)ဝင်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာ တွေ့ရပါတယ်။   “တောထဲရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်  PDF လူငယ်လေးတွေ  နမာဇ်ဖတ် ဝတ်ပြုဆုတောင်းနေပုံ Photo : Credit #SaluteAndRespect ”လို့ရေးသားပြီး “Alvin Thuama Taisun”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၂၈ ရက်က ဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် တစ်ထောင် ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖေဖော်ဝါရီအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြပုံကို သီတင်းကျွတ် ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပုံအဖြစ် မျှဝေ

သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်လို့ရေးသားလျှက် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ဖေဖော်ဝါရီလအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြစဉ်ဓာတ်ပုံဖြစ်ပါတယ်။ “ရွှေတိဂုံစေတီတော်ပေါ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း သီတင်းကျွတ်လပြည့်နေ့၌ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြ အောက်တိုဘာ(၂၀)၊ ရန်ကုန်။”လို့ ရေးသားပြီး “Simulation”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေ ထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်ဟာ  ၁ထောင် ၈ရာ ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေကြည့်မှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဖေဖော်ဝါရီ လထဲမှာ မီးရထားဝန်ထမ်းတွေ […]

Continue Reading

Fact Check: ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

လေယာဉ်ပျက်ကျမှူကြောင့် ဘောလိဝုဒ် နာမည်ကြီး အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်း(Shah Rukh Khan)နဲ့ အတူ စုစုပေါင်း ခရီးသည် ၁၁၀ သေဆုံးခဲ့ရတယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည် မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံ၊ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ အသုဘဘေးမှာ ရပ်နေတဲ့ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ၊ ဘောလိဝုဒ် နာမည်ကြီး မင်းသား ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံပါဝင်ပါတယ်။ သို့သော် ရှရွတ်ခန်းသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုသတင်း တစ်စုံတစ်ရာမတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အများအတွင်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “Zaw Aung Aung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အိ န္ဒိယ နာမည်ကြီးအနုပညာရှင် ရှရွတ်ခန်း… လည်းကြွေလွင့်ခဲ့ပီကော..ယနေ့ (12:35)တွင် […]

Continue Reading

Fact Check: ခရမ်းက နို့တိုက်မိခင် PDF ရိုက်နှက်ခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

နို့တိုက်နေတဲ့မိခင်ကို PDF က ရိုက်နှက်သွားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ကလေးငယ်ကို နို့တိုက်နေတဲ့ မိခင်တစ်ယောက်ရဲ့ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ “ရန်ကုန်၊ခရမ်းမြိုနယ်  က လေးနိုတိုက် နေ သော မိခင်အား အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍  သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့်  ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ”လို့ရေးသားပြီး “မင်းခ ယောက်ကျား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃၀ ရက်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ကနီမြို့နယ် စဖိုကြီးရွာမီးလောင်မှုဓာတ်ပုံတွေလား-မဟုတ်ပါ

စစ်တပ်က ကနီ စဖိုကြီးရွာကို မီးရှို့မှုအဖြစ် အိမ်တွေမီးလောင်နေတဲ့ ဓာတ်ပုံ၊ အထုပ်အပိုးနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည် ဒီဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ရိုဟင်ဂျာရွာတွေ မီးရှိုးခံရမှုထိုအချိန်က မီဒီယာတွေမှာ ဖော်ပြထား တာတွေ့ရပါတယ်။ “ကနီ ကို သူတို့လောင်တိုက်သွင်းပြီ ဒီလောက်ရက်စက်ယုတ်မာနေတာ ခင်ဗျားတို့ speakoutလုပ်ပေးဖို့ ပြောနေရတုန်းလားဗျာ ကိုယ်ချင်းစာ နာတက်ခဲ့့ပီလေ ဆိုတာ စိုးလွင်လွင်သီချင်းဘဲဆိုလိုကောင်းတာနော် တနေ့ခင်ဗျားတိုအိမ်တွေ့ရွာတွေ ရပ်ကွက်တွေ  မြို့တွေ  အလှည့်ရောက်လာလိမ့်မယ်။ ကျေးဇူးပြု့ပြီး ကနီဘေးကင်းဖို့ဆု့တောင်းပေးကြရအောင်။ #waitharlill 18.08.2021 ညက  ကနီမြို့နယ် စဖိုကြီးကျေးရွာတွင် စစ်ကောင်စီတပ်များဝင်ရောက်လုယက်ကာ ရွာမီးရှို့သွားပါတယ်❗ ဖုန်းနဲ့ပိုက်ဆံတွေလည်း လုယူသွား ဗိုက်ကြီးသည်တယောက်ခြေထောက် သေနတ်ထိမှန် 18.08.2021 Aung Bo […]

Continue Reading

Fact Check: ကိုဗစ်ပျောက်ဖို့ ဘုန်ကြီးပြုတ်ရေလုပ်နေတာလား-မဟုတ်ပါ

မီးထိုးထားတဲ့ ဒယ်အိုးတစ်အိုးပေါ်မှာ ဘုန်းကြီးတစ်ပါးထိုင်နေဓာတ်ပုံတစ်ပုံနဲ့အတူ ကိုဗစ်-၁၉ ပျောက်ဖို့အတွက် ဘုန်းကြီးပြုတ်ရည်သောက်ဖို့အတွက် ဘုန်းကြီးကို အတင်းဝိုင်းထမ်းခေါ်လာပြီး ဒယ်အိုးနဲ့ ပြုတ်နေပုံအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  ဒီလိုမျှဝေမှုဟာ ဟာသသဘောဖြစ်သော်လည်း နားလည်မှုလွဲစေနိုင်တာတွေ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် ကိုဗစ်-၁၉နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “မိုက်ရိုင်းလိုက်ကြတဲ့ တောသားတွေကွာ…😡 ဘယ်ကောင်မြှောက်ပေးလိုက်လည်းမသိဘူး ကိုဗစ်ပျောက်ချင်ရင် ဘုန်းကြီးပြုတ်သောက်ရတယ်ဆိုပီး….သူဟာသူ နေမကောင်းလို့လှဲနေတဲ့ ရွာဦးကျောင်းက ဆရာတော်ကို အတင်းဝိုင်းထမ်းခေါ်လာပီး လူပုံအလယ် မိုးပြဲဒယ်ထဲထည့်ပြုတ်နေကြတာ… ဆရာတော်ခမျာ လက်အုပ်ခလေးချီပီးတောင်းပန်ရှာပါသေးတယ်… ဒါပေမယ့် တောသားတွေက မရတော့ဘူး ကိုဗစ်ပျောက် ချင်တယ်..ဘုန်းကြီးပြုတ်သောက်မယ်ဆိုတာချည်းဘဲ…😡😡”စသည်ဖြင့် ရေးသားပြီး “Mee Nge”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link […]

Continue Reading

Fact Check: တက္ကသိုလ်ဝင်တန်းလျှောက်လွှာတွေ စက်တင်ဘာ ၂၁ ရက်စတင်ရမယ် ဆိုတာ မဟုတ်ပါ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေအနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့အ ေကြာင်းအရာဟာ မှားယွင်းေကြာင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ “၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအားလုံး၂၁. ၉. ၂၀၂၁ မှ စ၍ဖြေဆိုခွင့်ဖောင်များတင်ရမှာ ဖြစ်ပါတယ်”လို့ ရေးသားပြီး “For Education”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ြသဂုတ် ၃၀ ရက်က မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၈ ထောင် ၃ ရာရှိ ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ်သူေတွဟာ စက်တင်ဘာ ၂၁ ရက်က […]

Continue Reading

Fact Check: ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် အွန်လိုင်းကနေတွေ့ဆုံခဲ့ တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  “အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက် သွင်းဖို့ အားလုံးပါဝင်တဲ့ […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က ပုဂံမင်းနန်သူရွာ ဘုန်ကြီးကျောင်းမီးလောင်မှုပုံကို ပုဂုံမှာ ဘုရားကို ဗုံးခွဲဖျက်ဆီးမှုအဖြစ်ဖော်ပြ

ပုဂံဘုရားတွေကိုမိုင်းခွဲသွားတာတဲ့ မြင်ကွင်းဆိုပြီးတော့ ဘုရားတစ်ဆူအနီးမှာ မီးလောင်နေတဲ့ မြင်ကွင်း ဓာတ်ပုံတစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ပုဂံမြို့သစ်  မင်းနန်သူ ရွာဘုန်းကြီးကျောင်းအတွင်း မီးလောင်မူဖြစ်ပွားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ယနေ့..နေ့လည် ပုဂံ ဖြစ်ပွားခဲ့တဲ့ဖြစ်ရက်😭 အရမ်းဝမ်းနည်းမိတယ်.. ပုဂံဘုရားများ..မိုင်းခွဲသွားတာ😭💔 မြန်မာမှာပုဂံဆိုတာဘုရားစေတီအပေါဆုံနေရာ….ဒါလေးမှမupရင်လည်း…မင်းတိုကမြန်မာမဟုတ်တော့ဘူး😊🖕🏻 #Up #savemyanmarplz #crdphoto #crd”လို့ရေးသားပြီး “San Myint Aye” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအရေအတွက် ၈ ထောင် ၄ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ […]

Continue Reading