Fact Check: ၂၀၁၉ ခုနှစ်က ပုဂံမင်းနန်သူရွာ ဘုန်ကြီးကျောင်းမီးလောင်မှုပုံကို ပုဂုံမှာ ဘုရားကို ဗုံးခွဲဖျက်ဆီးမှုအဖြစ်ဖော်ပြ

ပုဂံဘုရားတွေကိုမိုင်းခွဲသွားတာတဲ့ မြင်ကွင်းဆိုပြီးတော့ ဘုရားတစ်ဆူအနီးမှာ မီးလောင်နေတဲ့ မြင်ကွင်း ဓာတ်ပုံတစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ပုဂံမြို့သစ်  မင်းနန်သူ ရွာဘုန်းကြီးကျောင်းအတွင်း မီးလောင်မူဖြစ်ပွားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ယနေ့..နေ့လည် ပုဂံ ဖြစ်ပွားခဲ့တဲ့ဖြစ်ရက်😭 အရမ်းဝမ်းနည်းမိတယ်.. ပုဂံဘုရားများ..မိုင်းခွဲသွားတာ😭💔 မြန်မာမှာပုဂံဆိုတာဘုရားစေတီအပေါဆုံနေရာ….ဒါလေးမှမupရင်လည်း…မင်းတိုကမြန်မာမဟုတ်တော့ဘူး😊🖕🏻 #Up #savemyanmarplz #crdphoto #crd”လို့ရေးသားပြီး “San Myint Aye” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအရေအတွက် ၈ ထောင် ၄ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ […]

Continue Reading

Fact Check: ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်က အပျက်အစီးအဖြစ် ထက်ပိုင်းကျိုးနေတဲ့ လမ်းမထက်မှာ ကားတစ်စီး ရပ်လျှက်တင်နေတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာငလျင်က ဓာတ်ပုံဖြစ်ပါတယ်။ အလက်စကာမှာ ရစ်တာစကေး ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီးဟာ ထက်ပိုင်းကျိုးနေတဲ့ လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ပုံအဖြစ် “Win Htein” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၂၃၉ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်ပုံလား-မဟုတ်ပါ

ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်နေရမှုအခြေအနေအဖြစ် သေဆုံးသူတွေကို သဂြိုဟ်နေဟန်ရှိတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  ပြည်တွင်းမှာ ကိုဗစ်ကြောင့် သေဆုံးမှု အဆမတန်မြင့်တက်လာနေပြီး ရန်ကုန်က သုဿန်တွေမှာ ရုပ်အလောင်း တွေကို ဖြစ်က တတ်ဆန်းကထားရှိတာ၊ မနိုင်မနင်း သဂြိုဟ်နေရတာတွေကို ပြည်တွင်းသတင်းမီဒီယာတွေ မှာဖော်ပြထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံတစ်ချို့မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးရသူတွေကို နေရာတစ်ခုမှာ စနစ်တကျ စုစည်းသဂြိုဟ်နေပုံတွေဖြစ်ပါတယ်။ “ပြည်ပမဟုတ်ဖူးနော် ပြည်တွင်း”လို့ ရေးသားပြီး “Aung Than”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁ သောင်း ၂ ထောင်ရှိ ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: လောက်သေရွက်က ကိုဗစ်ကို ကုသနိုင်သလား- လုံလောက်တဲ့ အထောက်အထားမရှိပါ

လောက်သေရွက်ကြိုသောက်ရင် ကိုဗစ်-၁၉ ပျောက်တယ်လို့ရေးသားထားတဲ့ ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူအမြောက်အများက မျှဝေလျှက်ရှိပါတယ်။  “ရေဆေးပြီး လောက်သေရွက်ကို ၁၀ သားချိန်ရွယ်ပြီး တစ်နေ့၃ကြိမ် ၃ခွက်၁ခွက်တင်ကြိုပြီသောက်ပါ။ တစ်ရက်အတွင်း ကိုဗစ် ပိုးတွေအကုန်သေပြီး ရောဂါလုံးဝကိုသက်သာပါတယ်လို့ … ကိုဗစ်ဖြစ်ပြီးလို့ လောက်သေရွက်ကြိုသောက်တဲ့ သူတွေပြောပြလို့သိရသလို ဘုန်းဘုန်းလည်း ကိုယ်တိုင် ကိုဗစ်ထိ၍ ကိုယ်တိုင်သောက်၍ ကိုယ်တိုင်ပျောက်ခဲ့ပါတယ်။’’လို့စသည်ဖြင့် ရေးသားပြီး “အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဖေ့စ်ဘွတ်ပို့စ်ကို တစ်ရက်အတွင်း ပြန်လည်မျှဝေမှု ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဒီလိုတွေ့ရှိတဲ့သူအဖြစ် အရှင်သုဇန(မဟာမြိုင်-မန္တလေး)09440055117 ဆိုပြီတော့ လည်းရေးသားထားပါတယ်။  ဒီပို့စ်ကို “Phyo Wai Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည် မျှဝေမှုပေါင်း ၁ သောင်း ၂ ထောင်ရှိပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ […]

Continue Reading

Fact Check: ဆိုင်ကယ်ပေါ်မှာ အောက်စီဂျင်ပေးပြီးခေါ်သွားတဲ့ ဒီကလေးပုံက မြန်မာ နိုင်ငံက မဟုတ်ပါ

ဆိုင်ကယ်တစ်စီးပေါ်မှာ အောက်စီဂျင်အိုးတင်ကာ ကလေးငယ်ကို အောက်စီဂျင်းပေးပြီး အမျိုးသမီး တစ်ယောက် က ပွေ့ချီလျှက် ဆိုင်ကယ်စီးသွားတာတဲ့ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်သဖွယ်မျှဝေထားရာမှာ ဖေ့စ်ဘွတ် အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုင်ခြင်းမရှိသလို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ဆိုင်ခြင်းမရှိပဲပါဘူး။ “မင်းအောင်လှိုင်ရယ် မင်းမြေးလေးတွေ ကျမ္မာပါစေကွာ”လို့ ရေးသားပြီး “Khin Maung Htay” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်  ၁ သောင်း ၁ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီပို့စ်ရဲ့အောက်က မှတ်ချက်တွေကို […]

Continue Reading

Fact Check: ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းအတူသောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ

ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းသောက်ရင် ကိုဗစ်-၁၉(COVID-19)ပျောက်တယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြု ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ကိုဗစ်-၁၉ ရောဂါကို ငရုပ်ကောင်း ၁ ဇွန်း၊ ပျားရည် ၂ ဇွန်းနဲ့ ဂျင်းအရည် ၃ ဇွန်းရောပြီး ၅ ရက်ဆက်တိုက်သောက်မယ်ဆိုရင် ရောဂါ ပျောက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- WHO)ကအတည်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီနည်းလမ်းကို အိန္ဒိယနိုင်ငံက ကျောင်းသားတစ်ယောက်က တွေ့တာလို့လည်းရေးသား ထားပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ လက်ရှိအချိန်အထိ ကိုဗစ်ကုသဆေးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားခြင်းမရှိပါဘူး။ “အိန္ဒိယနိုင်ငံ မွမ်ဗိုင်းမြို့(ဘုံဘေ)မှ အထက်တန်းဆင့်ကျောင်းသားလေး၏ ကြိုးပမ်းချက်။ ကိုဗစ်19 ကြိုတင်ကာကွယ်ရန်အတွက်အိမ်သုံးဆေး (၁) ငြုပ်ကောင်း.. ၁ ဇွန်း (၂)  ပျားရည်…… ၂ ဇွန်း […]

Continue Reading

Fact Check: လွိုင်ကော်က တပ်ရင်း ၅၄ ကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းတုသတင်းမှား

လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်တွေဓာတ်ပုံ ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ၂၀၁၅ ခုနှစ် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေလည်း တွေ့ရပါတယ်။  “သောင်းလှိုင်သားရေ ခများသားသမီးတေတော့ PDF တွေကို တပ်ရင်းလိုက်လှူကုန်ပြီ 😎😁😁 ယနေ့လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံး သိမ်း”လို့ ရေးသားပြီး“Moe Sandar Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ​ကယားပြည်နယ်မှာ ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ ထိတွေ့မှုသတင်းတွေကို ဖော်ပြနေတဲ့ Karenni People […]

Continue Reading

Fact Check: ဂျိုးဖြူရေပိုက်လိုင်းပေါက်တာကို ဆန္ဒပြသူတွေဖောက်တာဆိုပြီး ပြန်လည်ဖြန့်ဝေ

ဆန္ဒပြသူတွေက ဂျိုးဖြူရေပိုက်လိုင်းဖောက်လိုက်တာလို့ ရေးသားပြီးပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တစ်လကျော်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့သာဖော်ပြထားပြီး ဆန္ဒပြသူတွေ က လုပ်ဆောင် တယ်ဆိုတဲ့ ဖော်ပြချက်မျိုးမတွေ့ရပါဘူး။  “#ဂျိုးဖြူရေပိုက်လိုင်းကွဲသွားတယ်… ဒါဟာ ဆန္ဒပြတာမဟုတ်တောပါဘူး…  ဖျက်ဆီးနေလို့ခေါ်ပါတယ်…”စသည်ဖြင့်ရေးသားပြီး “ခန့်သူရ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Water Resources and Water Supply Authority, YCDC အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဧပြီ ၇ ရက်က “ရန်ကုန်ရေချစ်သူများသို့”စသည်ဖြင့် အစချီရေးသားပြီး ဓာတ်ပုံ ၁၀ […]

Continue Reading

ကိုဗစ်က ကာကွယ်မပေးနိုင်လို့ ဟိန္ဒူဘုရားတွေလမ်းပေါ်မှာလွှင့်ပစ်ထား တယ်ဆိုတဲ့ သတင်းမှား

ကိုဗစ်(COVID-19) ကပ်ရောဂါကနေ မကာကွယ်နိုင်လို့ဆိုပြီးတော့ အိန္ဒိယမှာ ဟိန္ဒူနတ်ဘုရားတွေကို လမ်းပေါ် လွှင့်ပစ်ကြတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ပါတယ်။ ကိုဗစ်ကနေ မကာကွယ်နိုင်လို့ ကိုးကွယ်ထားတဲ့ နတ်ဘုရားတွေကို လမ်းပေါ်မှာ လွှင့်ပစ်တယ်ဆိုတဲ့ အထောက်အ ထားမျိုးလည်း သတင်းတွေမှာ မတွေ့ရပါဘူး။ “Hazy Linm”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က “India မှာ သန်းပေါင်းများစွာသော ဟိန္ဒူလူမျိုး ပြည်သူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ  နတ်ဘုရားတွေဟာ သူတို့ကို Covid ကပ်ရောဂါ ဘေးကနေ မကယ်တင်နိုင်ဘူး၊ မစောင့်ရှောက်ဘူး လို့ပြောကာ သူတို့နေအိမ် ၊ဘုရားကျောင်းအစရှိတဲ့ နေရာက ရုပ်ထုတွေ အကုန်လုံးကို လမ်းပေါ်လွင့်ပစ်တာမျိုးတွေ ၊မြစ်ထဲ ချောင်းထဲကို မျှောပစ်တာမျိုးတွေ ပြုလုပ်နေကြတယ်တဲ့”စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ တူညီတဲ့ […]

Continue Reading

Fact Check: မြဝတီမှာဖမ်းမိတဲ့လက်နက်ေတွလား-မဟုတ်ပါ

မြဝတီမှာ ကားေပါ်ကဖမ်းမိတဲ့လက်နက်ေတွလို့ေရးသားမျှ ေဝလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံေတွဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံေတွဖြစ်တာ ေတွ့ရပြီး ဓာတ်ပုံေတွဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုခြင်းမရှိပါဘူး။  “မြဝတီတွင် ဖမ်းမိသော ကုန်ကားတွေမှာ သေနတ်များပါ ခိုးသွင်းလာသောကားများမှာ NLDပါတီဝင် ဦးစိုးလင်း၏ ညီ ဦးစိုးထိန်၏ ကားများဟုသိရှိရ…..”လို့ေရးသားပြီး “Kyaw Swar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှ ေဝထားပါတယ်။ တူညီတဲ့‌ရေးသားမြှ ဝေမှုတှေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် လွတ်လပ်တဲ့ ပြည်တွင်း ပြည်ပ မီဒီယာေတွမှာ ဒီလိုသတင်းေဖာ်ပြချက်မျိုးမ ေတွ့ရပါဘူး။  ေသနတ်ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာေဖွရာမှာ […]

Continue Reading