Fact Check: ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းအတူသောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ

ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းသောက်ရင် ကိုဗစ်-၁၉(COVID-19)ပျောက်တယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြု ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ကိုဗစ်-၁၉ ရောဂါကို ငရုပ်ကောင်း ၁ ဇွန်း၊ ပျားရည် ၂ ဇွန်းနဲ့ ဂျင်းအရည် ၃ ဇွန်းရောပြီး ၅ ရက်ဆက်တိုက်သောက်မယ်ဆိုရင် ရောဂါ ပျောက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- WHO)ကအတည်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီနည်းလမ်းကို အိန္ဒိယနိုင်ငံက ကျောင်းသားတစ်ယောက်က တွေ့တာလို့လည်းရေးသား ထားပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ လက်ရှိအချိန်အထိ ကိုဗစ်ကုသဆေးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားခြင်းမရှိပါဘူး။ “အိန္ဒိယနိုင်ငံ မွမ်ဗိုင်းမြို့(ဘုံဘေ)မှ အထက်တန်းဆင့်ကျောင်းသားလေး၏ ကြိုးပမ်းချက်။ ကိုဗစ်19 ကြိုတင်ကာကွယ်ရန်အတွက်အိမ်သုံးဆေး (၁) ငြုပ်ကောင်း.. ၁ ဇွန်း (၂)  ပျားရည်…… ၂ ဇွန်း […]

Continue Reading

Fact Check: လွိုင်ကော်က တပ်ရင်း ၅၄ ကို တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့ သတင်းတုသတင်းမှား

လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံးကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်တွေဓာတ်ပုံ ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ၂၀၁၅ ခုနှစ် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေလည်း တွေ့ရပါတယ်။  â€œá€žá€ąá€Źá€„á€şá€¸á€œá€žá€­á€Żá€„á€şá€žá€Źá€¸á€›á€ą ခများသားသမီးတေတော့ PDF တွေကို တပ်ရင်းလိုက်လှူကုန်ပြီ 😎😁😁 ယနေ့လွိုင်ကော် တပ်ရင်း ၅၄ တစ်ရင်းလုံး သိမ်း”လို့ ရေးသားပြီး“Moe Sandar Aung”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ​ကယားပြည်နယ်မှာ ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်ရဲ့ ထိတွေ့မှုသတင်းတွေကို ဖော်ပြနေတဲ့ Karenni People […]

Continue Reading

Fact Check: ဂျိုးဖြူရေပိုက်လိုင်းပေါက်တာကို ဆန္ဒပြသူတွေဖောက်တာဆိုပြီး ပြန်လည်ဖြန့်ဝေ

ဆန္ဒပြသူတွေက ဂျိုးဖြူရေပိုက်လိုင်းဖောက်လိုက်တာလို့ ရေးသားပြီးပိုက်လိုင်းတစ်ခုနံဘေးမှာ ရေလျှံနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တစ်လကျော်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ရေပေးဝေရေးဌာနက ထုတ်ပြန်ချက်မှာ ပိုက်လိုင်းပေါက်တယ်လို့သာဖော်ပြထားပြီး ဆန္ဒပြသူတွေ က လုပ်ဆောင် တယ်ဆိုတဲ့ ဖော်ပြချက်မျိုးမတွေ့ရပါဘူး။  â€œ#ဂျိုးဖြူရေပိုက်လိုင်းကွဲသွားတယ်… ဒါဟာ ဆန္ဒပြတာမဟုတ်တောပါဘူး…  ဖျက်ဆီးနေလို့ခေါ်ပါတယ်…”စသည်ဖြင့်ရေးသားပြီး “ခန့်သူရ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Water Resources and Water Supply Authority, YCDC အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဧပြီ ၇ ရက်က “ရန်ကုန်ရေချစ်သူများသို့”စသည်ဖြင့် အစချီရေးသားပြီး ဓာတ်ပုံ ၁၀ […]

Continue Reading

ကိုဗစ်က ကာကွယ်မပေးနိုင်လို့ ဟိန္ဒူဘုရားတွေလမ်းပေါ်မှာလွှင့်ပစ်ထား တယ်ဆိုတဲ့ သတင်းမှား

ကိုဗစ်(COVID-19) ကပ်ရောဂါကနေ မကာကွယ်နိုင်လို့ဆိုပြီးတော့ အိန္ဒိယမှာ ဟိန္ဒူနတ်ဘုရားတွေကို လမ်းပေါ် လွှင့်ပစ်ကြတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ပါတယ်။ ကိုဗစ်ကနေ မကာကွယ်နိုင်လို့ ကိုးကွယ်ထားတဲ့ နတ်ဘုရားတွေကို လမ်းပေါ်မှာ လွှင့်ပစ်တယ်ဆိုတဲ့ အထောက်အ ထားမျိုးလည်း သတင်းတွေမှာ မတွေ့ရပါဘူး။ “Hazy Linm”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က “India မှာ သန်းပေါင်းများစွာသော ဟိန္ဒူလူမျိုး ပြည်သူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ  နတ်ဘုရားတွေဟာ သူတို့ကို Covid ကပ်ရောဂါ ဘေးကနေ မကယ်တင်နိုင်ဘူး၊ မစောင့်ရှောက်ဘူး လို့ပြောကာ သူတို့နေအိမ် ၊ဘုရားကျောင်းအစရှိတဲ့ နေရာက ရုပ်ထုတွေ အကုန်လုံးကို လမ်းပေါ်လွင့်ပစ်တာမျိုးတွေ ၊မြစ်ထဲ ချောင်းထဲကို မျှောပစ်တာမျိုးတွေ ပြုလုပ်နေကြတယ်တဲ့”စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ တူညီတဲ့ […]

Continue Reading

Fact Check: မြဝတီမှာဖမ်းမိတဲ့လက်နက်ေတွလား-မဟုတ်ပါ

မြဝတီမှာ ကားေပါ်ကဖမ်းမိတဲ့လက်နက်ေတွလို့ေရးသားမျှ ေဝလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံေတွဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံေတွဖြစ်တာ ေတွ့ရပြီး ဓာတ်ပုံေတွဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုခြင်းမရှိပါဘူး။  â€œá€™á€źá€á€á€Žá€á€˝á€„် ဖမ်းမိသော ကုန်ကားတွေမှာ သေနတ်များပါ ခိုးသွင်းလာသောကားများမှာ NLDပါတီဝင် ဦးစိုးလင်း၏ ညီ ဦးစိုးထိန်၏ ကားများဟုသိရှိရ…..”လို့ေရးသားပြီး “Kyaw Swar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှ ေဝထားပါတယ်။ တူညီတဲ့‌ရေးသားမြှ ဝေမှုတှေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် လွတ်လပ်တဲ့ ပြည်တွင်း ပြည်ပ မီဒီယာေတွမှာ ဒီလိုသတင်းေဖာ်ပြချက်မျိုးမ ေတွ့ရပါဘူး။  á€ąá€žá€”တ်ဓဏတ်ပုလကို Google မှာပုံရှာနည်းအသုံးပြုရှာေဖွရာမှာ […]

Continue Reading

Fact Check: ထိုင်းက မြန်မာနိုင်ငံအတွက် လှူဒါန်းတဲ့ပိုက်ဆံလားမဟုတ်ပါ-မဟုတ်ပါ

ထိုင်းပိုက်ဆံအ ေမြာက်အများကို တူညီဝတ်စုံဝတ်ဆင်ထားတဲ့ဝန်ထမ်းေတွဝိုင်းဝန်းေရတွက်ေနတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ထိုင်းက မြန်မာနိုင်ငံေတာ်လှန်ေရးအတွက် လှူဒါန်းမှုလို့ေရးသားမျှ ေဝထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ေထာင်ေပါင်းများစွာက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံေတွဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  â€œá€‘ိုင်းက.ရေတွက်မနိုင်တဲ့ အလှူငွေများ….။ အရေးတော်ပုံအောင်ရမည် Credit photo”လို့ေရးသားပြီး “Kan Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဧပြီ ၂၄ ရက်က မျှ ေဝထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှ ေဝသူ ၂ ေထာင် ၆ ရာေကျာ်ရှိပါတယ်။ တူညီတဲ့‌ေရးသားမျှထားပြီး ပျံ့နှံ့မှုအားေကာင်းခဲ့တဲ့ ပို့စ်ေတွကို  ဒီေနရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံေတွကို Google […]

Continue Reading

Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်  မြန်မာပြည်သူနဲ့ ရပ်တည် 💗 ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၂၆ ရက်က ဆန္ဒပြဓာတ်ပုံတွေကို လက်ရှိအဖြစ်အပျက် အဖြစ်ပြန်လည်မျှဝေ

အဖြူရောင်လွှမ်းမိုးသောဝတ်စုံများနဲ့ လူအများအပြားတန်းစီလမ်းလျှောက်နေတဲ့ဓာတ်ပုံ ၃ ပုံနှင့်တကွ ယနေ့ မတ် ၂၅ ရက်မှာ အင်ဂျင်နီယာတွေ စုပေါင်းဆန္ဒပြပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။ စစ်တပ်ကအာဏာရယူအပြီးမှာ နိုင်ငံအဝှမ်းမှာနေ့စဉ် ဆန္ဒပြလျက်ရှိပါတယ်။ သို့သော်လည်း မတ် ၂၅ ရက် အင်ဂျင်နီယာ စုပေါင်းသပိတ်စစ်ကြောင်းအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။  â€œá€šá€”္အ ရန်ကုန်  (march -25) အင်ဂျင်နီယာ စုပေါင်း အင်အားစစ်ကြောင်း လူပင်လယ်ကြီး ချီတတ်လာကြပြီ  ____________________________________ ဝင်ဖတ်ရုံဆို သင်ပဲသိမယ်  ပြန်ရှယ်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ #WhatsHappeningInMyanmar #SACTerroristGroup #SupportCDM #SupportCRPH #JusticeForMyanmar #Mar25Coup #GenerationZ #နွေဦး ”လို့ […]

Continue Reading

Fact Check: ဒီပုံတွေက KIA နဲ့ တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားပုံမဟုတ်ပါ

ကချင်လွတ်မြောက်ရေးလက်နက်ကိုင်(Kachin Independence Army)က စစ်ကားတစ်စီးကို ဖောက်ခွဲပြီး စစ်သားသုံးယောက်နဲ့ လက်နက်ခဲယမ်းတွေဖမ်းမိတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။  သို့သော်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဓာတ်ပုံတွေဖြစ်ပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်ပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ “8. 3. 2021 ရက်နေ့ ( 10..30..အချိန်မန်းလေးမူဆယ်လမ်းကြောင်းတွင်  အသင့်စောင့်နေသော KIA. မှ မအလ ကားတစ်စီးနဲ့လော်ဘီသုံးယောက်လက်နှက်ခဲရမ်းများနင့်အတူသိမ်းဆဲလိုက်ကြောင်းသရပါသည် ”လို့ ရေးသားထားတဲ့ပို့စ်ကို “Min Min Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီစွာရေးသားထားပြီး ပျံ့နှံမှုအား ကောင်းခဲ့တဲ့ပို့တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google […]

Continue Reading

Fact Check: ဒီပုံတွေက လက်ရှိ ရထားသံလမ်းမိုင်းခွဲခံရခြင်းနှင့်သက်ဆိုင်မှုမရှိပါ

ပျက်ဆီးနေသော ရထားသံလမ်း၊ တိမ်းမှောက်နေသော ရထားတွဲနှင့်အတူ ကချင်မှာ လက်ရှိဖြစ်သွားတဲ့ အဖြစ်အ ပျက်အဖြစ်ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှ ဝေနေပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် ရထားစက်ခေါင်းတွဲလမ်းချော်တိမ်းမှောက်မှုနဲ့ ၂၀၁၈ ခုနှစ်အတွင်း ရထားလမ်းပိုင်း မှိုင်းခွဲခံရမှုဖြစ်စဉ်တွေက ပုံဖြစ်ပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းရှိ မဲဇာဘူတာမရောက်ခင် ၆ မိုင်ခန့် အကွာ သဲချောင်းရွာအနီးရှိ သဲချောင်းတံတားမှာ မတ် ၁၂ ရက် မှိုင်းခွဲဖျက်ဆီးခံရတဲ့ သတင်းကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ် ကြောင့် ရထားတိမ်းမှောက်ခဲ့တယ်ဆိုတဲ့ […]

Continue Reading