Fact Check: ၂၀၁၅ ခုနှစ်က လက်ပတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုပုံကို မြောက်ဉက္ကလာမှာ စစ်တပ်က ဖြိုခွင်းမှုအဖြစ်ဖော်ပြ

လူတွေကို ရဲတပ်ဖွဲ့က ရိုက်နက်နေပုံ၊ အမျိုးသမီးတွေငိုနေပုံ၊ ရဲတွေရှေ့မှာ လက်နှစ်ဘက်ကို ခေါင်းပေါ်တင်ထားပြီး ခေါင်းငုံ ဒူးကွေးထိုင်နေတဲ့ လူအုပ်ပုံတွေနဲ့အတူ မြောက်ဉက္ကလာပမှာဖြစ်သွားတဲ့ ယနေ့ဖြစ်လို့ ရေးသားမျှ ဝေထားရာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  မတ် ၃  ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုအပြီးမှာ မြောက်ဉက္ကလာပမြို့နယ်မှာ အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီကနေ့လည်း စစ်တပ်နဲ့ ရဲအဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူ အများအပြားအဖမ်းခံခဲ့ရပါတယ်။  “ဆန္ဒပြ ပြည်သူအား စစ်သုံ့ပန်းမျာကဲ့ သို့ ဆက်ဆံတဲ့ မြောက်ဥက္ကလာပုံရိပ်(10.3.21) “လို့ ရေးသားပြီး “U Myint Wai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို  ၇ နာရီအတွင်းမှာ ပြန်လည်မျှဝေသူ ၅ထောင်ကျော်ရှိခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: သံဃာတွေဆန္ဒပြနေတဲ့ ဒီပုံက လက်ရှိစစ်အာဏာသိမ်း ဆန္ဒမှုက မဟုတ်ပါ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လျက်ရှိပြီး မန္တလေးမှာ ဖေဖော် ဝါရီ ၁၀ ရက်က သံဃာတော်တွေ ဆန္ဒပြခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ သံဃာတွေဆန္ဒပြမှုအဖြစ်  လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “10/2/2021”လို့ ရေးသားပြီး “Min Min Kayw ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၀ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုကို လက်တလောဆန္ဒပြမှုနဲ့ ဖေဖော်ဝါရီ ၁၀ ရက်က မန္တလေးမှ သံဃာတွေ ဆန္ဒပြတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်နိုင်ပါတယ်။ ရန်ကုန်မှာ […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်မထွက်ဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတာမဟုတ်ပါ

လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ၃ ရက် အပြင်မထွက်ဖို့ အမိန့်ပေးတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ မင်္ဂလာ တောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို Fact Crescendo Myanmar က ဆက်သွယ် အတည်ပြုရာမှာ  သတင်းမမှန်ကြောင်းအတည်ပြုပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေတာ သာဖြစ်ပြီး တပ်က ညွှန်ကြားတယ်ဆိုတာမဟုတ်ကြောင်းပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရောက်ကတည်းက အပြင်မထွက်ဖို့ ပါတီဘက်က […]

Continue Reading

Fact Check: မိုးကုတ်မှာ ပြည်တန်ပတ္တမြားတစ်လုံး ပေါ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မိုးကုတ်မြို့မှာ ပတ္တမြားငမောက်တလုံးတွေ့ရှိပြီး ဒါဟာလက်ရှိအစိုးရရဲ့ ဘုန်းကံကြောင့်ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာတော့”ဒီတစ်ခါ ငမောက်ပတ္တမြား မြန်မာပြည်က ဘုရင်မ အတွက်ပဲ ”လို့ ခေါင်းစဉ်တပ်ထားပြီး “မိုးကုတ်မြေမှ နောက်ထပ်ပတ္တမြားငမောက် ထွက်ပေါ်ဘုန်းကံကြီးမားပြီး တရားစောင့်တဲ့၊ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ မြေအောက်ထဲက အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ မြေပေါ် ပေါ်ထွက်လာရတယ်လို့ ယုံကြည်စကား ရှိကြပါတယ်။ အခုလည်း မိုးကုတ်မြေကနေ အလွန်တစ်ရာမှ အဖိုးထိုက်တန်မယ့် ပတ္တမြားကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ကာရက် ၉၀ကျော်တဲ့ပတ္တမြားကြီးတစ်ပွင့်ကို မိုးကုတ်မှာ တူးဖော်ရရှိလို့ သက်ဆိုင်ရာဆီအပ်နှံလိုက်ပါပြီ … တဲ့။ မြန်မာ့သမိုင်းမှာ နာမည်ကျော် ပတ္တမြားငမောက်ကြီးဟာ မိုးကုတ်မြေက ထွက်ခဲ့တာပါ။ အခု…အေမစု လက်ထက်မှာ တွေ့ရှိတဲ့ ပတ္တမြားကြီးကရော နောက်ထပ်ပတ္တမြားငမောက်လို့ ပြောရလေမလား? ပတ္တမြားငမောက်အကြောင်း ဖတ်ဖူးခဲ့သလောက် ရတီ ၉၀ကျော်ပဲရှိတယ်ဆိုတော့ ၈၂ကာရက္နီးပါးပဲရှိနေပါတယ်။ အခုက […]

Continue Reading

Fact Check: ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတုတွေ ဖြန့်ဝေနေတဲ့ Newpowermedia

Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ရေးသားဖြန့် ဝေမှုတွေပြုလုပ်ကာ ပျံ့နှံ့မှု အားကောင်းလာတာကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ Newpowermedia အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ “အစိုးရသစ်အဖွဲ့နဲ့ ဌာန ဆိုင်ရာတွေ ထဲမှာ စစ်သား ဟောင်းတွေကို ဦးစားပေးဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြော”လို့ခေါင်းစဉ်တပ်လျှက် သတင်း တစ်ခုကို ဇန်နဝါရီ ၁၁ ရက်က ရေးသားမျှဝေခဲ့ရာမှာ နာရီအနည်းငယ်အတွင်း ပြန်လည်မျှဝေသူ ရာဂဏန်းဝန်းကျင်ရှိခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းမှာ ဒေါက်တာဇော်မြင့်မောင်က ဘယ်အချိန်၊ ဘယ်နေရာမှာ ပြောကြားသလဲဆိုတဲ့ ပြောကြားချက်မျိုးအပါအဝင် သတင်းတစ်ပုဒ်မှာ ရှိအပ်တဲ့ အင်္ဂါရပ်တွေမပါဝင်တာကိုလည်း Fact Crescendo Myanmar က သတိပြုမိပါတယ်။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလို အလားတူသတင်း ဖော်ပြချက် မျိုးမတွေ့ရှိရပါဘူး။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တစ်ခုကိုအောက်ပါ အတိုင်းတွေ့ရ […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးကတည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူတွေ မဲခိုးတယ်လို့ ဝန်ခံတယ်၊ နုတ်ထွက်တယ်ဆိုတဲ့  ပို့စ်တွေကို လူမှုကွန်ယက်မှာ မကြာခဏမျှဝေနေတာ တွေ့ ရပါ တယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲခိုးခဲ့ကြောင်း UEC နဲ့ NLD ပါတီတာဝန်ရှိသူတွေ ဝန်ခံ၊ UEC ဖျက်သိမ်းလိုက်ပြီ၊ အဖွဲ့ဝင်တွေနုတ်ထွက်ကုန်ပြီ၊ NLD ခေါင်းဆောင်တွေ မဲခိုးမှုနဲ့ ထောင်ကျတော့မယ်၊ ထွက်ပြေးဖို့ ပြင်နေပြီး စတဲ့ အကြောင်း အရာတွေကို ထပ်ဖန်တလဲလဲ အုပ်စုဖွဲ့ မျှဝေနေကြတာကို Fact Crescendo Myanmar က သတိပြု မိပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ မှန်ကန်မှုမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကို ရှုတ်ထွေး ဝေဝါးသွားစေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)ရုံးပိတ်ရက်မှာလည်း အခုလို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ […]

Continue Reading

Fact Check: ယူအီးစီကို ဖျက်သိမ်းလိုက်ပြီးလို့ သတင်းမှားများဖြန့်ဝေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဖျက်သိမ်းလိုက်ပြီလို့ ရေးသားမျှဝေ ထားတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ UEC ဖျက်သိမ်းဖို့ ၁၀၀ ရာခိုင်နှုန်းသေချာသွားပြီ၊ UEC ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တွေကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၂၀ ရက်ကြားမှာ ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ အရေးအသားနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ယူအီးစီ ကို ဖျက်သိမ်းပြီဟုသိရ မဲခိုးကြောင်းဝန်ခံ၍ မွှေမွှေ ပေါက်ကွဲနေပြီ အစိမ်းရောင်များ စေတနာမှန်တဲ့ ကံတရားပါ”လို့ ရေးသားပြီး “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ […]

Continue Reading

Fact Check: FB Messenger ယာယီပြတ်တောက်မှုဖြစ်စဉ်အပြီး နားလည်းမှု လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေပျံ့နှံ့ခဲ့

ဒီဇင်ဘာ ၁၀ ရက်က  လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ နားလည်းမှုလွဲမှာစေနိုင်တဲ့ အကြောင်းအရာ တွေပျံ့နှံ့ခဲ့တာကို  Fact Crescendo Myanmar က သတိပြုမိပါတယ်။ အများအပြားပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာကတော့ Facebook မှ messenger ကို ဖျက်သိမ်းတော့မည် ဟု CEO ဖြစ်သူ Mark Zuckerberg ပြောဆိုပြီး လူမှုကွန်ယက်မှာ ရေးသားမျှနေတာဖြစ်ပြီး အများအပြားက ဟာသအဖြစ် နားလည်ပြီး “Ha Ha” စိတ်ခံစားမှုကို ပေးခဲ့ကြပြီး အမြောက်အများ အပျော်အပျက် မှတ်ချက်ပြန်လည်ရေးသား ကြတာတွေ့ရပေမဲ့ အချို့သော လူမှုကွန်ယက်အသုံးပြုသူတွေအတွက် ဟာသအဖြစ် နားလည်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။  အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေ ထားတဲ့ ပို့စ်တွေမှာ အများအပြားက ဟာသအဖြစ် […]

Continue Reading

Fact Check: – မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘိမ်းတမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင်မထားသူ သို့မဟုတ် အထောက်အထားမရှိသူ (၃)သိန်း နီးပါးကို မဲပေးခွင့်ပြုခဲ့တယ်လို့ ရေးသားလျက် ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ Radio Free Myanmar လို့ အမှတ်တံဆိပ်တပ်လျက် ရေးသားမျှဝေထားတဲ့ ဒီပို့စ်မှာ မဘိမ်းမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင် သို့မဟုတ် အထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ပြီး  ဒီဖြစ်စဉ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအား နိုင်ငံတော်အချုပ်အခြာ အာဏာကို မတရားသောနည်းဖြင့် ရယူနိုင်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကပြုလုပ်ပေးခဲ့တဲ့ ရာဇဝတ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ မဘိမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပေးပိုင်ခွင့်ရှိ သူ  ၃ သောင်းကျော်ပဲရှိပြီး ၂ သောင်း […]

Continue Reading