Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးကတည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူတွေ မဲခိုးတယ်လို့ ဝန်ခံတယ်၊ နုတ်ထွက်တယ်ဆိုတဲ့  ပို့စ်တွေကို လူမှုကွန်ယက်မှာ မကြာခဏမျှဝေနေတာ တွေ့ ရပါ တယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲခိုးခဲ့ကြောင်း UEC နဲ့ NLD ပါတီတာဝန်ရှိသူတွေ ဝန်ခံ၊ UEC ဖျက်သိမ်းလိုက်ပြီ၊ အဖွဲ့ဝင်တွေနုတ်ထွက်ကုန်ပြီ၊ NLD ခေါင်းဆောင်တွေ မဲခိုးမှုနဲ့ ထောင်ကျတော့မယ်၊ ထွက်ပြေးဖို့ ပြင်နေပြီး စတဲ့ အကြောင်း အရာတွေကို ထပ်ဖန်တလဲလဲ အုပ်စုဖွဲ့ မျှဝေနေကြတာကို Fact Crescendo Myanmar က သတိပြု မိပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ မှန်ကန်မှုမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကို ရှုတ်ထွေး ဝေဝါးသွားစေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)ရုံးပိတ်ရက်မှာလည်း အခုလို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ […]

Continue Reading

Fact Check: ယူအီးစီကို ဖျက်သိမ်းလိုက်ပြီးလို့ သတင်းမှားများဖြန့်ဝေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဖျက်သိမ်းလိုက်ပြီလို့ ရေးသားမျှဝေ ထားတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ UEC ဖျက်သိမ်းဖို့ ၁၀၀ ရာခိုင်နှုန်းသေချာသွားပြီ၊ UEC ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တွေကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၂၀ ရက်ကြားမှာ ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ အရေးအသားနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ယူအီးစီ ကို ဖျက်သိမ်းပြီဟုသိရ မဲခိုးကြောင်းဝန်ခံ၍ မွှေမွှေ ပေါက်ကွဲနေပြီ အစိမ်းရောင်များ စေတနာမှန်တဲ့ ကံတရားပါ”လို့ ရေးသားပြီး “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ […]

Continue Reading

Fact Check: FB Messenger ယာယီပြတ်တောက်မှုဖြစ်စဉ်အပြီး နားလည်းမှု လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေပျံ့နှံ့ခဲ့

ဒီဇင်ဘာ ၁၀ ရက်က  လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ နားလည်းမှုလွဲမှာစေနိုင်တဲ့ အကြောင်းအရာ တွေပျံ့နှံ့ခဲ့တာကို  Fact Crescendo Myanmar က သတိပြုမိပါတယ်။ အများအပြားပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာကတော့ Facebook မှ messenger ကို ဖျက်သိမ်းတော့မည် ဟု CEO ဖြစ်သူ Mark Zuckerberg ပြောဆိုပြီး လူမှုကွန်ယက်မှာ ရေးသားမျှနေတာဖြစ်ပြီး အများအပြားက ဟာသအဖြစ် နားလည်ပြီး “Ha Ha” စိတ်ခံစားမှုကို ပေးခဲ့ကြပြီး အမြောက်အများ အပျော်အပျက် မှတ်ချက်ပြန်လည်ရေးသား ကြတာတွေ့ရပေမဲ့ အချို့သော လူမှုကွန်ယက်အသုံးပြုသူတွေအတွက် ဟာသအဖြစ် နားလည်ခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။  အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီလိုရေးသားမျှဝေ ထားတဲ့ ပို့စ်တွေမှာ အများအပြားက ဟာသအဖြစ် […]

Continue Reading

Fact Check: – မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘိမ်းတမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင်မထားသူ သို့မဟုတ် အထောက်အထားမရှိသူ (၃)သိန်း နီးပါးကို မဲပေးခွင့်ပြုခဲ့တယ်လို့ ရေးသားလျက် ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ Radio Free Myanmar လို့ အမှတ်တံဆိပ်တပ်လျက် ရေးသားမျှဝေထားတဲ့ ဒီပို့စ်မှာ မဘိမ်းမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင် သို့မဟုတ် အထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ပြီး  ဒီဖြစ်စဉ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအား နိုင်ငံတော်အချုပ်အခြာ အာဏာကို မတရားသောနည်းဖြင့် ရယူနိုင်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကပြုလုပ်ပေးခဲ့တဲ့ ရာဇဝတ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။  ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ မဘိမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပေးပိုင်ခွင့်ရှိ သူ  ၃ သောင်းကျော်ပဲရှိပြီး ၂ သောင်း […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ရွှေရောင် မာစီဒီးကားထုတ်လုပ်ခဲ့တယ် ဆိုတာ မဟုတ်ပါ

ဂျာမနီနိုင်ငံ မာစီဒီးကားကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ထားတဲ့ ကားဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မာစီဒီးကားကုမ္ပဏီရဲ့ အမှတ်တံဆိပ်နဲ့အတူ ကားစက်ခေါင်းဖုံးအလည်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံပါရှိပြီး လိုင်စင်ပလိတ်ပြားတပ်ဆင်တဲ့နေရာမှာ NLD လို့စာတန်းလည်း တပ်ဆင်ထားတဲ့ ဓာတ်ပုံနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာပေါ်မှာတစ်စီးထဲရှိတဲ့ကားလို့ရေးသား မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မာစီဒီးကားကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo Myanmar က မတွေ့ရှိရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမှုနဲ့ မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ဘုရားတွေပိတ်ထားပေမဲ့ အစ္စလာမ်ဘာသာရေးနေ့ကို သာသနာရေးဝန်ကြီး တက်ရောက်တယ်ဆိုတဲ့ သတင်းအမှား

ကိုဗစ်နိုင်တင်းရောဂါအခြေအနေတွေကြောင့် Stay Home သတ်မှတ်ထားတဲ့မြို့တွေမှာရှိတဲ့ ဘုရားစေတီတွေကို ယာယီပိတ်ထားပေမဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးသူရဦးအောင်ကိုက အစ္စလာမ်ဘာသာရေး အခမ်းအနားတစ်ခုဖြစ်တဲ့ မိုဟာမတ်သခင်နေ့ကို တက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ်ပို့စ်တွေမှာ ဘာသာရေးအမုန်းပွားစေတဲ့စေတဲ့ စကားလုံးတွေရေးသားမျှဝေနေကြတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “စလာပြီဇာတ်လမ်းက သာသနာရေးဝန်ကြီးဌာန ဝန်ကြီး အစ္စလာမ် မိုဟာမက် သခင်နေ့ အခမ်းအနားတက်ရောက်၊ မင်းတို့ပေးခဲ့ကြတွေမဲတွေ မင်းတို့ကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲတွေ နောက်ဆုံး မင်းတို့နီပိန်းတွေကိုပါဖျင်ချမစိုး ငါတို့အော်နေခဲ့တာ အေးငါတို့မဲတွေအတွက် ငါတို့ကလိပ်ပြာသန့် တယ် နောင်ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် မင်းတို့အုပ်စု ဖြစ်လာခဲ့ရင်မင်းတို့ဘာသာခံ ငါတို့ကတော့ ကျဉ်လို့က်ပြီ အညတရ(မူရင်းအရေးအသားအတိုင်း)”လို့ရေးသားနေကြတာဖြစ်ပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။အလားတူရေးသားချက်တွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုထားတဲ့ သူရဦးအောင်ကိုမိန့်ခွန်းပြောနေတဲ့ပုံကို googleမှာ ပုံပြောင်းရှာနည်းနဲ့ရှာမယ်ဆိုရင် ဒီပုံဟာ ၂၀၁၉ခုနစ် […]

Continue Reading

Fact Check: Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု

ရွှေတိဂုံစေတီပုံစံနောက်ခံဆလိုက်မီးနဲ့ ကကွက်တင်ဆက်မှုမှာ ဘုရားပုံရိပ်ကို ခြေထောက်နဲ့နင်းတယ်ဆိုပြီးတော့ ဝေဖန်ခံနေရပါတယ်။ ဒီလို အခြေအနေမှာ ဘုရားပုံရိပ်ကို ခြေနဲ့နင်းတဲ့ကိစ္စဟာ တီထွင်ဆန်းသစ်မှုပဲဖြစ်ပြီး တကယ်ဘုရားကို နင်းတာမျိုး မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီး ပို့စ်တွေ ပျံ့နှံလျက်ရှိပါတယ်။ ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Project K အဖွဲ့တွေ့ဆုံနေပုံ အပါအဝင် ဓာတ်ပုံ သုံးပုံနဲ့ အတူမျှဝေထားတာ ဖြစ်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ ဒီဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်း တွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က Project K ဘက်က ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ “ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို “သိမ့်သိမ့် စိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာ‌ကျော်ရှိခဲ့ပါတယ်။ ဒီနေရာနဲ့ […]

Continue Reading

Fact Check: ဘင်္ဂါလီအိမ်ထောင်စုတွေကို ဆန်တစ်အိတ်၊ဆီတစ်ပုံးနဲ့ပိုက်ဆံ သိန်းချီ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းမှား

အခြားသူတွေကို တစ်အိမ်ထောင်ငွေကျပ် ၂ သောင်းပဲထောက်ပံ့ပေမဲ့ ဘင်္ဂါလီအိမ်ထောင်စုတွေကို ဆန်တစ်အိတ်၊ ဆီတစ်ပုံးနဲ့ ပိုက်ဆံထောက်ပံ့ကြေးသိန်းချီပေးနေတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိ တာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ နိုင်ငံတော်က အခြေခံလူတန်းစားတွေအတွက် ငွေနှစ်သောင်းထောက်ပံ့နေချိန်မှာ ဘင်္ဂါလီတွေ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်၊ဆီတစ်ပုံး၊ ငွေတစ်သိန်းအပြင် နေ့စဉ်ဟင်းချက်စရာအတွက် တစ်ဦး တစ်ထောင် နှုန်းပေးတယ် ဆိုပြီးတော့ မွတ်ဆလင်တွေကို ဆန်အိတ်တစ်အိတ် ပေးနေတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ တကွ မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း အထက်ပါအတိုင်း ပြောဆိုမျှဝေနေမှုဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။ အဆိုပါ ဓာတ်ပုံဟာ အစိုးရက COVID-19 ကပ်ရောဂါကာလ အခြေခံလူတန်းစားတွေကို ထောက်ပံ့ ကြေးပေးအပ်မှုနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အလားတူ ပြောဆိုရေး သားချက်နဲ့ […]

Continue Reading

Fact Check: ထိုင်ခုံတွေနဲ့အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေဟာ ရန်ကုန် ဆေးရုံကြီးကCOVID-19 အတည်ပြုလူနာတွေမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှာ COVID-19 လူနာတွေကို ထိုင်ခုံတွေနဲ့ကုသနေရတယ်ဆိုတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ လူနာတစ်ချို့ဟာ လျှောက်လမ်းတစ်ခုရဲ့ တစ်ဖက်တစ်ချပ်စီမှာ ထိုင်ခုံတစ်လုံးစီနဲ့ အောက်စီဂျင် အိုးတွေပေးထားရတဲ့ ဓာတ်ပုံလည်းပါဝင်ပြီး ရေးသားမျှဝေထားတဲ့ စာသားတွေမှာ ရန်ကုန်ဆေးရုံကြီးကဖြစ်တယ်၊ COVID-19 လူနာတွေကို အခုလိုကုသတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ လူနာတွေဟာ COVID-19 အတည်ပြုလူနာတွေမဟုတ်သလို နေရာဟာ လည်း ရန်ကုန်ဆေးရုံကြီးမှာမဟုတ်ဘဲ မြောက်ဉက္ကလာပဆေးရုံမှာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “ဘိုနေ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဖျားသွားမယ်ဝန်ကြီး ပြောတဲ့  …ပြင်ထားတာ လာကြည့်လိုက် ဖျားသွားမယ် ဆိုတဲ့…အရေးပေါ် အထူးကုသဆောင် (YGH-ICU)”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။    မူရင်းလင်ခ့် – Fb link  |  Archive link လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာနားလည်းမှုလွဲစေနိုင်တဲ့ အရေးသားနဲ့“တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ […]

Continue Reading