ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှုကို အရေးယူဆောင်ရွက်ခြင်းမပြုဖို့ ညွှန်ကြားချက် ဆိုတဲ့ ရုံးစာအတု

ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှုများကို အရေးယူဆောင်ရွက်ခြင်းမပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ညွှန်ကြားချက်ဆိုတဲ့ ရုံးစာတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ရုံးစာမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်အဖြစ် ရုံးစာအဖြစ်ဖော်ပြထားပြီး “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားချက်အမှတ်၊ ၅၄/၂၀၂၀ အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုလာသောကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိစေရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့များသို့ တိုင်ကြားလာသည်များရှိလျှင် အရေးယူဆောင်ရွက်ပေးနိုင်ခြင်း မပြုစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန် ညွှန်ကြားအပ်ပါသည်”လို့ ဖော်ပြထားတာတာတွေ့ရပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆွေဆွေနိုင်က လက်မှတ်ရေးထိုးထားတာကို တွေ့ရှိရပါတယ်။ ဒီစာဟာ ရုံးစာတုဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ရှင်းလင်းထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက “#ရုံးစာအတု သတိပြုရန် အသိပေးကြေညာခြင်း”ဆိုပြီး အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ “ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ […]

Continue Reading

နိုင်ငံသားဉပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲကပုံကို ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာရဲ့ နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများပုံအဖြစ်ဖော်ပြနေတဲ့ သတင်းဓာတ်ပုံအမှား

“ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာတစ်ဦးရဲ့နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများအိန္ဒိယနိုင်ငံ ကျေးရွာလေး တစ်ရွာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယနဲ့ သေဆုံးခဲ့ရတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးရဲ့ နာရေးမှာ ဒေါသ ထွက်နေတဲ့ရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း CNNသတင်းကဖော်ပြခဲ့ပါတယ်။  အိန္ဒိယနိုင်ငံ ဟာယန(Haryana)ပြည်နယ်က ချန့်ဒ်ပူရာ လို့အမည်ရတဲ့ ကျေးရွာလေးမှာ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ ဒီပြဿနာတွေ ကြောင့် ရွာသားအယောက် ၃၀ ဖမ်းဆီးခံခဲ့ရပါတယ်။ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်း အရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးရတယ်လို့ထင်ရတဲ့ အဲဒီအမျိုးသမီးဟာ သူတို့ရွာ ကမဟုတ်လို့ နာရေး ကို ချန့်ဒ်ပူရာ ရွာသင်္ချိုင်းမှာ လာမလုပ်ဖို့ ဆန့်ကျင်ကြရာကနေ နောက်ဆုံးမှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ပေါက် တဲ့အဆင့်အထိ ရောက်ခဲ့တာဖြစ်ပါတယ်။  ခရိုင်ရဲမှူး ဂျော်ဝယ်လ်က “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆေးရုံမှာသေဆုံးခဲ့သူတွေကို ဘယ်မှာမီးသင်္ဂြိုလ်ရမလဲ […]

Continue Reading

လက်ဖက်ရည်ကြမ်းက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား

လက်ဖက်ရည်ကြမ်းက covid-19 ရဲ့ လက္ခဏာတွေကို ပျောက်ကင်း စေတယ်ဆို၊ ကုသနိုင်တယ်ဆိုတဲ့ စာသား တွေ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ မျှဝေလာတာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက်သတင်းဌာနဖြစ်တဲ့ CNN ကို သတင်းရင်းမြစ်အဖြစ်ဖော်ပြထားတဲ့ အောက်ပါစာသားက တော့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ဓာတ်ပုံအနေနဲ့ ပို့လာတဲ့ စာပဲဖြစ်ပါတယ်။ဒီစာသားတွေကို “ထီလာရွှေပြည် သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မျှဝေထား တာတွေ့ ရပါတယ်။ Fb link Archive link လက်ဖက်ရည်ကြမ်းဟာ တကယ်ပဲ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ပါသလား။ အချက်အလက် စိစစ်ကြည့်ရ အောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ “cnn green tea covid-19”ဆိုတဲ့ စကားလုံးတွေကိုရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ ဧပြီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကို […]

Continue Reading

TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။ ၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။ ၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။ ၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။ ၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ […]

Continue Reading

Contact Us

We are also competent of checking Photos, Videos and Articles in the following languages – English, Hindi, Tamil, Telugu, Kannada, Malayalam, Oriya, Assamese, Punjabi, Bengali, Marathi, Gujarati and Urdu. Do you feel that a certain story is fake? Do you know some additional factual details about a claim being shared on social media? You can […]

Continue Reading

About Us

Fact Crescendo (www.factcrescendo.com) is an independent digital journalism initiative and is a part of Crescendo Transcription Private Limited (CTPL) a private limited company registered in India. (www.crescendotranscriptions.com)  Fact Crescendo (www.factcrescendo.com) is an independent digital news platform and has a separate dedicated team solely working for fact checking news/claims. “Fact Crescendo is an independent, unbiased fact-checking […]

Continue Reading