Fact Check: လေဖြတ်တာကို လက်ထိပ်အပ်နဲ့‌‌‌‌ဖောက်ပြီး ကုသနိုင်သလား- မဟုတ်ပါ

လေဖြတ်လူနာကို လက်ထိပ်မှာ အပ်နဲ့ သွေးထွက်အောင်ဖောက်ပေးပြီး အိမ်မှာပဲ ကုသနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “ရုတ်တရက် လေဖြတ်သွားတဲ့ လူနာကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော်။လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ်။ လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေး ပါနဲ့။ သင်သူ့ကို နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။ အိမ်မှာ အေးထိုးအပ်ရှိရင် ပိုကောင်း ပါတယ်။ […]

Continue Reading

Fact Check: ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ဟင်း သွေးတိုးရောဂါကို အမြတ်ပြတ် စေသလား- အထောက်အထားမရှိပါ

ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ကို ၁၀ ရက်ဆက်တိုက် ချက်စားရင် သွေးတိုးရောဂါအမြစ်ပြတ် ပျောက်ကင်းတယ် ဆိုပြီး ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှု တွေသာဖြစ်တယ်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ငါးနုသန်းဟာ မြန်မာအခေါ်အဝေါ် ကြောင်ငါးလို့ လူသိများတဲ့ နှုတ်ခမ်းမွေးပါတဲ့ ငါးအုပ်စုဝင်ဖြစ်တယ်။  ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အိုမီဂါ-၃ ပါဝင်သလို ဒန့်သလွန်ရွက်ဟာလည်း သွေးတိုးကျစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဖလာဗိုနွိုက်(flavonoids)၊ ဖိနောလစ်(phenolics)နဲ့ အက်စထွာဂလင်း(astragalin)တို့ပါဝင်တယ်။ ဒါပေမဲ့ […]

Continue Reading

Fact Check: မြဝတီ အာရှလမ်းမကြီး မြေပြိုမှု ဗွီဒီယိုလား-မဟုတ်ပါ

ဇွန် ၁ ရက်က မြဝတီ အာရှလမ်းမကြီးမှာ မြေပြိုမှုဆိုပြီးတော့ ဗွီဒီယိုတခု မြန်မာဘာသာ အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ ဗွီဒီယိုဟာ အဖြစ်အပျက်မှန် တခုမဟုတ်ဘဲ ဉာဏ်ရည်တုနည်းပညာအသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူ မြဝတီအာရှလမ်းမကြီး မြေပြိုပျက်စီမှုလို့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အရင်ပြည်နယ်▪︎မြဝတီ 1•6•2025”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဉာဏ်ရည်တုနည်းပညာ အသုံးပြုပြီး ဗွီဒီယိုတွေ ဖန်တီးသူ တဦးက စတင်ဖြန့်ဝေလာတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ မူလ ဗွီဒီယိုဖော်ပြချက်ကို  မေ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင် တရုတ်သမ္မတကို ကတိပေးတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပေးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာ တွေ့ရပါတယ်။  တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ရုရှားစစ်ရေးပြ အခမ်းအနားတက်ရောက်ချိန် ဘေးပေါက် တွေ့ဆုံမှုအနေနဲ့ မြန်မာစစ်တပ်ခေါင်း‌ဆောင်နဲ့ တရတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးမှုမှာ ဒီအကြောင်းအရာတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ မေ ၉ ရက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “စစ်ကောင်းဆောင် ဂတိပေးလိုက်ရပြီ အပစ်ခတ်အားလုံး ရပ်တန့်ရန် တရုတ်သမ္မတ အမိန့်ပေး ဒေါ်စုကို အရေးပေါ် လွှတ်ရန်သဘောတူလိုက်ရပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: မန္တလေး PDF သင်္ကြန်တွင်းမှာ မြို့ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား

မန္တလေး PDF  က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သင်္ကြန်လည်ပတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မာဇဒါဂျစ်ကားပေါ်က သေနတ်လို့ ယူဆရတဲ့ အရာတွေလွယ်ထားတဲ့ လူရွယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားဖြန့်ဝေထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် သင်္ကြန်ရေကစားတဲ့ ဖက်ရှင်ပုံတခုသာဖြစ်တယ်။  “မန္တလေး လပခ လုံခြုံရေးအားနည်းချက်ကတော့ MDY PDF က သက်ြန်တွင်းကြီး မြို့ထဲဝင်လာတာ မသိလိုက်ဘူးတဲ့လား။ ဟုတ်ဟုတ် မဟုတ်ဟုတ် လက်နက်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် လခရ အားနည်းလို့ သူများကဲ့ရဲ့စရာဖြစ်နေတာ။ လပခ တိုင်းမှူး မလှုပ် မရှုပ် မပြုတ် လုပ်နေတာလား။ #အောင်စစ်သည်စစ်သတင်းနှင့်ဗဟုသုတ” Original link | Archive link […]

Continue Reading

Fact Check: မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ အပူလှိုင်းဖြတ်နိုင်သလား- မဟုတ်ပါ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ အပူလှိုင်းဖြတ်နိုင်လို့ အပြင်မထွက်ကြဖို့အပါအဝင် ဆောင်ရန် ရှောင်ရန်တွေရေးသားထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား မတ် ပထမပတ်ထဲမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ နွေရာသီရောက်ပြီဖြစ်လို့ မြန်မာနိုင်ငံတဝှမ်းမှာ အပူချိန်သိသိသာသာမြင့်တက်လာချိန်မှာ ဒီလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောဆိုဖြန့်ဝေနေတဲ့ ဖြန့်ဝေမှုဟာ မှားယွင်းပါတယ်။  မတ် ၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။ “အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။ အပူချိန် 35C – 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level […]

Continue Reading

Fact Check: ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  ဦးရည်မွန်ပြောတဲ့ သတင်းတု

ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ပို့စ်တခု ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့  ဓာတ်ပုံပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဓာတ်ပုံနဲ့အတူ ဓာတ်ပုံပို့စ်တခုအဖြစ် မျှဝေထားတာဖြစ်တယ်။ “တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေးနဲ့ ပတ်သက်ပြီး မအိပန်ဆယ်လိုနဲ့ ထောက်ပို့တပ်သားများကို ဝေဖန်‌ရေးသား တိုက်ခိုက်နေသည့် မည်သူကိုမဆို အကြမ်းဖက်စစ်ကောင်စီကို အားပေးရာရောက်သဖြင့် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပဲ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဖေ့စ်ဘွတ်မှာလည်း မတွေ့ရပါဘူး။ ဒီလိုဖော်ပြထားတဲ့ ပို့စ်ပိုင်ရှင်ရဲ့ […]

Continue Reading

Fact Check: ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလား – မဟုတ်ပါ

ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလို့ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နှင်းခဲတွေ လွှမ်းနေပြီး ရွှေရောင်အဆင်းဝင်းပြီး တောက်ပဲ အဆောက်အဦးကြီးတွေ တည်ရှိနေဟန်နဲ့ ကောင်းကင်ဘုံလို့ဆိုထားတဲ့ ဒီဓာတ်ပုံဟာ ဇန်နဝါရီ လလယ်ပိုင်းလောင်က စပြီး မြန်မာဘာသာအသုံးပြုသူတွေအကြားမှာ စတင်ပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်အထိလည်း ပျံ့နှံ့မှုအားကောင်းနေပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဗီးနပ်စ်ကနေ မြင်ရတဲ့ ကောင်းကင်ဘုံရဲ့ ပထမဆုံး ဓာတ်ပုံ။  First picture of heaven seen from venus” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ […]

Continue Reading

Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ

ခါးတဲ့အရသာ ၂ မျိုးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တာတွေ့ရပါတယ်။ အစားအသောက် ၂ ခုကို အတူတွဲ စားသောက်မိလို့ သေဆုံးနိုင်တယ်ဆိုတာဟာလည်း ယုံတမ်းစကားတခုသာဖြစ်ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဇင်ဘာ ၂၉ ရက်မှာစတင်ဖြန့်ဝေခဲ့တဲ့ ဒီပို့စ်ဟာ တရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း တထောင်ကျော်နဲ့  ကြည့်ရှု့မှုအကြိမ်အရေအတွက် တ သိန်းနီးပါးအထိ ရရှိထားတယ်။  ဒီပို့စ်မှာပဲ ဓာတ်ပုံစာသားထဲမှာတော့ အမျိုးမတူသည့် အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိပါက သွေးတိုးပြီး လေဖြတ်သေဆုံးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။  “ခွေးတောက် + တမာ ကြောင်လျှာ + ကြက်ဟင်းခါး […]

Continue Reading

Fact Check: ပ‌ဟေဠိဖြေနိုင်သူတွေကို Oppo ကုမ္ပဏီက နောက်ဆုံးထွက် ဖုန်းတွေ ပေးမယ်ဆိုတဲ့ သတင်းမှား 

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှားသာဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “Oppo ဖုန်းနောက်ဆုံးထွက်ဗားရှင်းကို ရယူရန် (98) မှလွဲ၍ အခြားနံပါတ်များကို ရှာဖွေပါ။ မှတ်ချက်- ယခုဖြေဆိုရန် ကိုယ်စားလှယ်လောင်း ၁၇၀ သာ ကျန်ရှိတော့သည်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စမတ်ဖုန်း ထုတ်လုပ်ဖြန့်ချိနေတဲ့ Oppo ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလို ကြော်ငြာထားတာမရှိပါဘူး။ အခုလ ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ […]

Continue Reading