Fact Check: ကာတာအသင်း ကမ္ဘာ့ဖလားကစောစောစီးစီးထွက်ခဲ့ရလို့ ကာတာဘုရင် စိတ်ပျက် လက်ပျက်ထိုင်နေတဲ့ပုံလား-မဟုတ်ပါ

ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ပေမဲ့ ကာတာအသင်းဟာ အုပ်စုအဆင့်က နေပဲထွက်ခဲ့ရပြီးနောက် ကာတာဘုရင်ဟာ စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကွင်းထဲမှာ ထိုင်နေပုံ အဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သရော်ထားတဲ့ပို့စ်သာဖြစ်ပါတယ်။ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဆော်ဒီအာရေးဗီးယားကလပ် Al-Nassr အသင်းမန်နေဂျာရဲ့ ဓာတ်ပုံဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံဖြစ်ပါတယ်။ “ဒေါ်လာ ဘီလျံများစွာ အကုန်ကျခံပြီး ကမ္ဘာ့ဖလား ကျင်းပပေးခဲ့ သော်လည်း အုပ်စုမှ အစောဆုံး ထွက်ခဲ့ ရပြိးနောက် ကာတာဘုရင် အခြေအနေ”လို့ ရေးသားပြီး “Soccer 88 Sports News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၃၀ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက […]

Continue Reading

Fact Check: FIFA World Cup 2022 ဖွင့်ပွဲဓာတ်ပုံလား-မဟုတ်ပါ

FIFA World Cup 2022 ဖွင့်ပွဲမှာ ကုရ်အာန်ကျမ်းရွတ်ဖွင့်လှစ်ခဲ့တယ်လို့ဆိုထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။တကယ်တော့ ဓာတ်ပုံဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက်အသုံးပြုမယ့် ဘောလုံးကွင်းတစ်ကွင်းကို ၂၀၂၁အတွင်းက ကွင်းဖွင့်ပွဲလုပ်ခဲ့ရာမှာ ကုရ်အာန်ကျမ်းရွတ်ဖတ်မှု သာဖြစ်ပါတယ်။ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကုရ်အာန်ရွတ်ဖတ်ခဲ့တယ်ဆိုတဲ့အထောက် အထားမရှိပါဘူး။ “FIFA World Cup 2022ပွဲစဥ်အား ကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ဖွင့်လှစ်ခဲ့သည့်ကြည်နူးဖွယ်မြင်ကွင်း🥰❤️ #SoeThuya #သာသနာ့အသိပညာ”လို့ ရေးသားပြီး “Soe Thu Ya” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကမ္ဘာ့ဖလားဖွင့်ပွဲနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ ဒီလိုသတင်းမှားစတင်ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ်တဲ့အဖွဲ့ အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။  […]

Continue Reading

Fact Check: KIA နဲ့ PDF က ရွာကို မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုသတင်းမှား

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်တပ်ကို ချောင်းမြောင်းပစ်ခတ်ပြီး ရွာကိုမီးရှို့သွားတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။ မကွေးတိုင်းမှာ ရေစကြိုမှာစစ်တပ်က မီးရှို့ခဲ့တဲ့ဖြစ်စဉ်က ဗွီဒီယိုဟောင်းတစ်ခုကိုအသုံးပြုပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါပြောဆိုချက်အချို့ဖြစ်ပါတယ်။ “ရွာတွေကို ဘယ်သူမီးရှို့နေလဲ? *************************** ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာထိပ် ဘုရားကုန်းနှင့် တာဝါ တိုင်ကုန်းနေရာတွေမှာ KIA နှင့် PDF ပူးပေါင်းအင်အား ၆၀ ဦးခန့်က နေရာယူပြီး နစကတပ်တွေကို စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ တဲ့အတွက် တိုက်ပွဲဖြစ်တယ် ထုံးစံအတိုင်း ပစ်ပြေးပြေးပြီး  ရွာလယ်ဘုရားဝန်းကျင်မှာရှိတဲ့ နေအိမ်ထဲကနေ ပစ်လို့ တိုက်ပွဲထပ်ဖြစ်တယ် ..နောက်ဆုံး မနိုင်တော့ ရွာထဲကအိမ်တွေကို KIA/PDF တွေက မီးရှို့တယ် … စစ်တပ်က မီးငြိမ်းသတ်ပေးလို့ ရွာမှာရှိတဲ့အိမ် […]

Continue Reading

Fact Check: ဘရာဇီးက အမျိုးသမီးသီးသန့်နေထိုင်တဲ့ရွာဆိုတာမဟုတ်ပါ

ဘရာဇီးနိုင်ငံ Nolva Do Cordeiro ဆိုတဲ့ ရွာမှာ ယောင်္ကျားမယူချင်လို့ အိမ်ကထွက်လာတဲ့ မိန်းကလေးတွေသာ နေထိုင်တယ်ဆိုတဲ့အကြောင်းအရာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲနေတဲ့ သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဘရားဇီးနိုင်ငံ Nolva Do Cordeiro ကျေးရွာလေးဟာ ယောင်္ကျားလေးတွေကို စိတ်ကုန်ပြီးလက်မထပ်ချင်တဲ့ မိန်းကလေးတွေ လာရောက် နေထိုင်ကြတဲ့ ရွာလေးဖြစ်ကြောင်း၊ ကျေးရွာလေးတစ်ခုလုံးမှာ မိန်းကလေးတွေသာ ရှိပြီး ယောကျာ်းတစ်ဦးမှ မရှိကြောင်း၊ ကျေးရွာရှိ မိန်းကလေးတွေ အားလုံးဟာ အပျိုကြီးတွေသာ ဖြစ်ပြီး ယောကျာ်းတွေကို စိတ်ကုန်လို့ သီးသန့်နေထိုင်ချင်သူတွေ ဖြစ်ကြောင်းနဲ့ မိန်းကလေးတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်ပြီး မည်သူကိုမှ အားကိုးခြင်း မရှိဘဲ နေထိုင်နေတာ ဖြစ်ကြောင်း”လို့ ရေးသားပြီး “Kyaw […]

Continue Reading

Fact Check: KIA နဲ့ PDF များကြားပစ်ခတ်မှုတွေဖြစ်ပွားပြီး ခေါင်းဆောင်အချို့ အဖမ်းခံရဆိုတဲ့ သတင်းတု

အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ ၅ နယ်မြေ မုန်ဆန်ယန်မှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှု ဖြစ်ပြီးသေဆုံးဒဏ်ရာရရှိမှုများရှိကာ PDF ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးခံရတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ “အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ Kia တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကိုတပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ရာမှ KIA နှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့တရားခံဟာ PDF အဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ စစ်တပ်သူလျှိုတွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIA နှင့် PDF များကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး […]

Continue Reading

Fact Check: မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ FATF ကအမည်ပျက်စာရင်းသွင်း ထားတယ်ဆိုတဲ့သတင်းမှား

FATF ကနေ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အမည်ပျက်(Blacklist)နိုင်ငံ ၂၀ စာရင်းဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး နားလည်မှုလွဲစေနိုင် တာ တွေ့ရပါတယ်။ အောက်ပါစာသားတွေက ဖြန့်ဝေခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီဖြန့်ဝေခဲ့တဲ့ပို့စ်မှာ မြန်မာနိုင်ငံဟာ အရင်ကလည်း အမည်ပျက်စာရင်းသွင်းခံရဖူးပြီး အခုလည်း မြန်မာနိုင်ငံနှင့်အတူ အခြားသော နိုင်ငံ ၁၉ နိုင်ငံ လည်းပါဝင်တယ်လို့ဆိုလိုထားပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။ “FATF မှ ​ ၂၀၂၂၊အောက်တိုဘာ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သော  Blacklistနိုင်ငံစာရင်း (၂၀) စာရင်း ဖြစ်ပါတယ် ။ 1 Arbania 2 Barbados 3 Burkina Faso 4 Cambodia 5 Cayman Islands […]

Continue Reading

Fact Check: ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးမှုကို AA မှ ပစ်ခတ်မှုအဖြစ်သတင်းမှားဖြန့် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာအတွင်း ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမီဒီယာဖော်ပြချက်တွေ့ရပေမဲ့  ရက္ခိုင့်တပ်တော် AA ကရမ်းသမ်း ပစ်ခတ်မှုကြောင့်လို့ ‌ရေးသားထားတဲ့ သတင်းကိုတော့ မတွေ့ရှိပါဘူး။  â€œá€šá€”á€ąá€ˇá€”á€ąá€ˇá€œá€Šá€ş ၁၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့်  ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။”လို့ […]

Continue Reading

Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု

အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ “ယနေ့ အဆို‌တော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။ ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ AAနဲ့ RSO တို့ဆွေးနွေးပွဲမှတ်တမ်း ဆိုတဲ့ သတင်းတု

NUG အစိုးရစေခိုင်းမှုနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင့်တပ်တော်(AA)နဲ့ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့(RSO)တို့ မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ သဘောတူညီချက်ဆိုပြီးတော့ အောက်တိုဘာ ၁၁ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ ဖြန့်ဝေမှုတွေမှ RSO က ထုတ်ပြန်ချက် ပုံစံနဲ့ရေးသားထားတဲ့စာသားဓာတ်ပုံ ၂ ပုံပါဝင်ပြီး AA က ဗိုလ်မှူးကြီးခိုင် ထွန်းလင်းပါ ၁၀ ဦးနဲ့ RSO က စစ်ရေးတာဝန်ခံ အာယုပ်ပါ ၁၀ ဦးတို့ရဲ့ ဆွေးနွေးမှု အဖြစ်ဖော်ပြထားပါတယ်။  မောင်တောနဲ့ ဘူးသီးတောင်ကို AA ကတိုက်နေတာဟာ ရိုဟင်ဂျာအားလုံးပြန်လည်နေထိုင်နိုင်ရေးဖြစ်ကြောင်း၊ ဒီအစီအစဉ်ကို ရခိုင်တွေသိသွားမှာစိုးရိမ်ကြောင်းနဲ့ ဒီလိုဆောင်ရွက်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာ ရောက် ရိုဟင်ဂျာခေါင်းဆောင်တွေ သိအောင်ပြောပေးဖို့လိုကြောင်း AA က ဗိုလ်မှူးကြီးခိုင်ထွန်းလင်း ဘက်က ဆွေးနွေးခဲ့ပြီး RSO က […]

Continue Reading