Fact Check: စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်မျိုးမင်းကို PDF ဖမ်းဆီးတဲ့ သတင်းတု

စစ်တပ်ဝါဒဖြန့်ရေးသမားအဖြစ် လူသိများတဲ့ ကျော်မျိုးမင်းကို PDF တပ်ဖွဲ့ဝင်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “Khit Thit Thadin သတင်းဌာန (၂၁.၁.၂၀၂၆) ကျော်မျိုးမင်း PDF တွေက ဖမ်းထားပြီ” Original link | Archive link ဒီလိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာမှာလည်း ကျော်စိုးဦးအဖမ်းခံရတဲ့ ဓာတ်ပုံဆိုပြီး မျှဝေထားတာတွေ့ရတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် […]

Continue Reading