Fact Check: ကွတ်ခိုင်မှာ KIA ကဗမာဆိုအဝင်မခံဘဲ ဖမ်းဆီးသတ်ပစ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

KIA က အပစ်မဲ့ပြည်သူတွေကို သတ်ပစ်နေပြီး ကွတ်ခိုင်မှာ ဗမာလူမျိုးဆိုအဝင်မခံဘဲ ဖမ်းဆီးသတ်ပစ်နေတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိ ထား တယ်။ “KIAမှအပစ်မဲ့ပြည်သူတွေကို သတ်ပစ် ကွပ်ခိုင်မာ KIA ကဗမာလူမျိုးဆိုအဝင်မခံ ဖမ်းဆီးသတ်ပစ်နေဟုဆို” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Myawaddy News အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ […]

Continue Reading