Fact Check: အမေရိကန်စင်တာ ချိတ်ပိတ်ခံရမှုဆိုတဲ့သတင်းတုသတင်းမှား
ရန်ကုန်မြို့က အမေရိကန်စင်တာကို စစ်တပ်က ချိတ်ပိတ်လိုက်တယ်ဆိုပြီး ဓာတ်ပုံ ၂ ပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုအသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး ဓာတ်ပုံဟာလည်း ပြုပြင်ဖန်တီးထားတဲ့ဓာတ်ပုံတွေသာဖြစ်ပါတယ်။ “တက္ကသိုလ်ရိပ်သာလမ်းနှဲ့အင်းလျားလမ်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေးနှင့်ထောက်ပံ့ရေးဂိုထောင်၊ အမေရိကန်စာသင်ကျောင်းစာကြည့်တိုက်အားချိပ်ပိတ်လိုက်ကြောင်းသိရသည်။”လို့ ရေးသားထားပြီး “Aye Nan Da”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံးဓာတ်ပုံတွေကို Google မှာရှာကြည့်ရာမှာ ဓာတ်ပုံတွေဟာ အရင်ကတည်းက ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “Aung Myo Mon” Google အသုံးပြုသူက ၂၀၂၁ ခုနှစ် မတ်လထဲမှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ […]
Continue Reading