Fact Check:  အချက်အလက်အတုအယောင်တွေနဲ့ နာရီကြော်ငြာ

မြန်မာနိုင်ငံ၏ အကြီးဆုံး ဈေးဝယ်စင်တာထဲမှာ လူထောင်ပေါင်းများစွာ မူးမေ့လဲတဲ့အထိ ဂျပန်နာရီ Cihitizen ကို ဝယ်ဖို့စောင့်ဆိုင်းခဲ့ကြတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အတုအယောင်ရေးသားချက်တွေနဲ့ နာရီအရောင်းကြော်ငြာချက်ဖြစ်တာတွေ့ရပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိသလို မူလဓာတ်ပုံတွေကို ပြုပြင်ပြောင်းလဲထားတာတွေ့ရပါတယ်။  ပထမဆုံး ဈေးဝယ်စင်တာတစ်ခုထဲမှာ လူတွေ တန်းစီနေတဲ့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံက ဖြစ်တာ တွေ့ရပါတယ်။ ရတနာရောင်းဝယ်ရေးလုပ်ငန်းစု Pandora ရဲ့ ၁၅ ခုမြောက်ဆိုင်ခွဲ ဟန်နွိုင်းမြို့မှာ ဖွင့်လှစ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ မူရင်းလင်ခ့် – VNExpress |  […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ၂၀၁၁ ခုနှစ် ဂျပန်ငလျင်က မှတ်တမ်းဗွီဒီယိုဖြစ်တယ်

တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကို ကားပေါ်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၁ ခုနှစ် မတ်လအတွင်းက ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်က မှတ်တမ်းဖြစ်ပါတယ်။ တူရကီနဲ့ ဆီးရီးယားမှာ ဖေဖော်ဝါရီ ၆ ရက်က ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့အပြီးမှာ ဖေဖော်ဝါရီ ဒုတိယပတ်အထိ အပျက်အစီးများကြားကနေ သေဆုံးသူပေါင်း ၂၅၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ တစ်သန်းလောက် အတိဒုက္ခရောက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေနဲ့အတူ “တူရကီနိုင်ငံမှာ/လှုပ်ခဲ့သော အားပြင်းမြေငလျင်”လို့ ရေးသားပြီး “THaw Ham” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာ ပြန်လည်မျှဝေမှုပေါင်း ၃၃၀၀ ကျော်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ […]

Continue Reading

Fact Check: ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းရှုံးထွက်အဆင့်တက်သွားလို့ ကာတာ သန့်ရှင်းရေးတွေ အောင်ပွဲခံနေပုံလား-မဟုတ်ပါ

ကမ္ဘာ့ဖလားမှာ ဂျပန်နောက်တဆင့်တက်အပြီး ကာတာသန့်ရှင်းရေးသမားတွေ  အောင်ပွဲခံနေပုံအဖြစ် ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သရော်ထားတဲ့ ဓာတ်ပုံဖြစ်ပါ တယ်။ ဂျပန်က ဖလားဗိုလ်စွဲမယ်လို့ရေးပန်းစားနေတဲ့နာမည်ကြီးအသင်းတွေကို အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းအပြီးမှာ ဒီသရော်စာထွက်လာခြင်းဖြစ်တယ်။ တကယ်တော့ ဓာတ်ပုံဟာအမေရိကန်အာကာသ အေဂျင်စီ(NASA)က ဝန်ထမ်းတွေ ၂၀၁၂ ခုနှစ်က အင်္ဂါဂြိုလ်ပေါ်က အာကာသယာဉ်အောင်စွာချိတ်ဆက်နိုင်အပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြပုံဖြစ်ပါတယ်။ “ကာတာ သန့်ရှင်းသမားများ ဂျပန်နောက်တစ်ဆင့်တက်၍ပျော်ရွှင်နေကြပုံ”လို့ ရေးသားပြီး “SBD Sports” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာ အချို့က သရော်ထားတဲ့ ဓာတ်ပုံ အဖြစ်သဘောပေါက်ကြပေမဲ့လည်း ဒီဓာတ်ပုံရဲ့အစကို မသိကြတာလည်းတွေ့ရပါတယ်။ တူညီတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ […]

Continue Reading

Fact Check: သတင်းတုနဲ့အကြောင်းအရာမှားတွေပေးပြီး ကြော်ငြာနေတဲ့ Gluco Pro ဆီးချိုဆေး တကယ်မလုပ်မဖြစ်ပါ

 မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ ဒေါက်တာတစ်ယောက်ဟာ Glucopro ကိုသောက်ဖို့ ညွှန်းတယ်ဆိုပြီး လူတွေကိုနားလည်မှုလွဲစေနိုင်တဲ့ ကြေညာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံက endocrinologist၊ တီထွင်သူ၊ ပါမောက္ခ၊ ပညာရှင်၊ နိုဘယ်ဆုနဲ့ အခြားဆေးဘက်ဆိုင်ရာဆုများ အများအပြားရှိတဲ့ Surya Swandito ဆီးချိုရောဂါဖြင့် ရုန်းကန်ခဲ့ရပေမဲ့ အခု GlucoPRO သောက်လို့ပျောက်ပြီလို့ လည်း ဆေးကြော်ငြာကဆိုပါတယ်။ သတင်းတုဖြစ်ပါတယ်။ အဟာရဖြည့်စွက်ဆေးတစ်ခုကို ၂၀၁၇ ခုနှစ်က သေဆုံးသွားပြီဖြစ်တဲ့ အပြင်မှာတကယ်မရှိတော့တဲ့ ဂျပန်ဆရာဝန်တစ်ဦးကို အသုံးပြုပြီး ကြော်ငြာထားတာ တွေ့ရပါတယ်။ တကယ်တော့ ဒီဆေးဟာ တကယ်ပဲ ပြောသလိုအစွမ်းရှိတယ်ဆိုတဲ့အထောက် အထားလည်းမရှိပါဘူး။ အောက်ပါစာသားကတော့ ဘလော့ဂ်ပို့စ်ပါ ဆေးကြော်ငြာထဲက ကောက်နှုတ်ချက်အဖြစ်ပါတယ်။ “ဆီးချိုရောဂါက ကုသလို့ရပြီး ကျန်းမာစွာသင်နေထိုင်နိုင်ပါတယ် အသက် ၉၀ ရှိတဲ့မြန်မာလူမျိုးက သူရဲ့ဆီးချိုရောဂါသက်သာနည်းလျှို့ဝှက်ချက်ကိုဝေမျှခဲ့တယ် မြန်မာနိုင်ငံ၏ ကျော်ကြားသော […]

Continue Reading

Fact Check:  မီးပြတ်လို့ ဂျပန်လျှပ်စစ်ဝန်ကြီးက ပြည်သူတွေကို တောင်းပန်နေပုံလား-မဟုတ်ပါ

ဂျပန်မှာ ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် ၂၀ ကြာပြတ်တောက်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးက မီးပြတ်ချိန်အတိုင်း ပြည်သူ့ရှေ့မှောက်မှာ ဦးညွှတ်ပြန်တောင်းပန်ခဲ့တဲ့ပုံအဖြစ် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် မှာပျံ့နှံနေတာတွေ့ ရပါတယ်။ ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဟွန်ဒါ(Honda) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် တာကဟီရို ဟချီဂို(Takahiro Hachigo)ဖြစ်ပါတယ်။ စင်မြင့်တစ်ခုပေါ်ကနေ အနောက်တိုင်းဝတ်စုံဝတ်အမျိုးသားတစ်ယောက်က စင်အောက်က လူတွေကို ခါးကိုင်း ခေါင်းငုံ့ပြီး တောင်းပန်တယ်လို့ယူဆရတဲ့ဓာတ်ပုံတစ်ပုံပါဝင်ပြီး “ဂျပန်က ရွာငယ်လေး တစ်ရွာမှာ လျှပ်စစ်မီး မိနစ် (၂၀) ကြာ ပြတ်တော က်ခဲ့သည်အတွက် လျှပ်စစ်ဝန်ကြီးမှ ပြည်သူရှေ့ ပြည်သူရှေ့မှောက်မှာ မီးပြတ်တောက်ချိန် နဲ့ ညီမျှတဲ့ မိနစ် (၂၀) ကြာ ဦးညွတ် တောင်းပန်ခဲ့ရ”လို့ရေးသားလည်း ရေးသားထာပါတယ်။ ယဉ်‌ကျေးတဲ့အမူအယာ၊အလုပ်လုပ်တာတိကျမှု၊ အချိန်လေးစားမှုဆိုတဲ့ စကားလုံးတွေဟာ ဂျပန်လူမျိုးတွေရဲ့ […]

Continue Reading