Fact Check: လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ် လေယာဉ်ဆီ ဖြတ်တောက်ဆိုတဲ့ သတင်းတု
လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ်က ဝေဖန်လိုက်ပြီး လေယာဉ်ဆီလည်း ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “စစ်တပ်ကို တရုတ်အရေးယူပြီ လေယာဉ်အသုံးပြုခွင့် ပိတ်လိုက်ပြီ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်ကို တရုတ်ပြင်းထန် ဝေဖန် လေယာဉ်ဆီ ဖြတ်တောက်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact […]
Continue Reading