Fact Check: စစ်ခေါင်းဆောင် ရုရှားကို ထွက်‌ပြေးပြီဆိုတဲ့ သတင်းတု

ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “၁၃ရက်နေ့ စစ်အရာရှိတွေပြေးကုန်ပြီ (၇၂)နာရီအတွင်း တပ်ချုပ်ကိုဖမ်းရန် ကုလထုတ်တဲ့အမိန့်ကြောင့် မအလ ရရှားတန်းပြေးပြီး/မဲလုံးအတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုထားပေမဲ့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ကျန်းမာရေး ကြောင့် တာဝန်မှ အနားပေး လိုက်တယ်ဆိုတဲ့ သတင်းတု

ဒုတိယစစ်ခေါင်းဆောင်ကို ကျန်းမာရေးကြောင့် တာဝန်မှ အနားပေးလိုက်တယ်ဆိုတဲ့ ပို့စ်ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်း ဒီလိုထုတ်ပြန်ချက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  “… အခုတော့ သိပ်ကိုသေချာသွားခဲ့ပြီ … ဟိုနေ့က လူလုံးထွက်ပြတဲ့ မော်လမြိုင် ကဆေးရုံဆိုတာကလဲ သူမဖြစ်ခင် ကပုံတွေပါ.. Eleven Media Group သူတို့ကိုဘောမနေတဲ့ Media ကနေ ကူးပြီးပုံဟောင်းတွေကိုဖြန့်ထားတာပါ… လက်ရှိသတင်းတွေအရ မရှု့မလှ ခံနေရတုံးပါ အခုတော့ ရှင်းသွားပါပြီ.. ဘိုင် သရေကြိုးကိုးကွင်း ရေ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်နဲ့ စစ်တပ်ပိုင်မြဝတီသတင်းဌာနတွေမှာ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ) က သေဒဏ် ချမှတ်လိုက်တယ်၊ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက်တယ်စသည့်ဖြင့် ပြောဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။  “(၅)ရက်နေ့ အရေးပေါ်သတင်း အကြမ်းဖက် မင်းအောင်လှိုင်ကို ICJ မှ သေဒဏ်ချမှတ်လိုက်ပြီဟေ့  တနိုင်ငံလုံး ကခုန်ကြ/ခေတ်သစ် အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာတော့ “မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်လိုက်ပြီ တပတ်အတွင်းဖမ်းပေးဖို့ R2P ကို ကုလအမိန့်ပေး  ရန်ကုန်ခေတ်သစ် ကြေညာပြီ/ ထူးပြီဟေ့”စသည်ဖြင့် ပြောဆိုထားပါတယ်။ ဒီနေရာမှာ ကြည့်ပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာစစ်ခေါင်းဆောင်ကို ICJ က […]

Continue Reading