Fact Check: ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်း ထုတ်ပြန်တဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ရှင်းလင်းပြောကြားမှု ဗွီဒီယိုဆိုပြီး ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။  နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း  ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထား တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အကျဉ်းထောင်ထဲမှာ အမေစု သေဆုံးမှု ၁၀၀%သေချာပီ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အမှန်တိုင်းရှင်းပြီ တနိုင်ငံလုံးချက်ချင်းနားထောင်ကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌‌ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာ တွေကို သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိပါတယ်။ ဒါမှမဟုတ်လည်း လုပ်ကြံ သတင်းတု၊ သတင်းမှားတွေလည်း […]

Continue Reading