Fact Check: ဒီပုံတွေ လတ်တလော တရုတ်နိုင်ငံ စီချွမ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါ

တရုတ်နိုင်ငံ  စီချွမ်ပြည်နယ်မှာ မေ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးများ အဖြစ် ဓာတ်ပုံ ၁၀ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီဓာတ်ပုံတွေဟာ ေမ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်များ အတွင်းကတည်းက အင်တာနက် မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ပုံတွေဖြစ်ပါတယ်။  “ယနေ့ ၂၂.၅.၂၀၂၁ တရုတ်နိုင်ငံ  စီချွမ်ပြည်နယ် တွင် ယနေ့ နံက် ၈:၂၂ အချိန် ရစ်ချက်စတာစကေး( ၇.၄ )ရှိ  မြေငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း(၁၇၉)ဦးအနည်းဆုံးသေဆုံးခဲ့ရကာ  လူပေါင်းများစွာ   ဒဏ်ရာရရှိခဲ့ပြီးသောင်းနဲ့ချီ  အိုးအိမ်တွေ  ပျက်စီးသွားခဲ့ကြောင်း သိရ ။photo crd” လို့ရေးသားပြီး “Ngwe Laypyay” […]

Continue Reading

Fact Check: တရုတ်စစ်သားက အင်တာနက်ထိန်းချုပ်ဖို့ အကူအညီပေး နေပုံလား-မဟုတ်ပါ

မြန်မာနိုင်ငံမှာ အင်တာနက်ထိန်းချုပ်ဖို့အတွက် တရုတ်အကူအညီပေးနေတဲ့ အထောက်အထားအဖြစ်တရုတ် တပ်ဖွဲ့ဝင်တစ်ဦးပုံနဲ့အတူ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  လူမှုကွန်ယက် အသုံးပြုသူတွေအကြားပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို  အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link  တွစ်တာမှာ အင်္ဂလိပ်ဘာသာမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ တရုတ်စစ်တပ်က မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့ဖို့အတွက် အကူအညီပေး နေတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာရယူအပြီးမှာ တရုတ်က မြန်မာနိင်ငံမှာ တရုတ်ပုံစံ အင်တာနက်စောင့်ကြည့်ပိတ်ဆို့မှုတွေကို အကူအညီပေးနေတယ်လို့ မြန်မာလူထုက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားပြီး တရုတ်က ငြင်းဆိုထားပါတယ်။ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံကို […]

Continue Reading