Fact Check: စစ်ကောင်စီကို အာဆီယံကထုတ်ပယ်တဲ့ သတင်းတု
မြန်မာစစ်အုပ်စုကို အာဆီယံက ထုတ်ပယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “စစ်ကောင်စီ အာဆီယံက ဖယ်ထုတ်ခံရ စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်ဘူးလို့ ထိုင်း ဝန်ကြီးအပြတ်ပြော၊ စစ်အုပ်စု ငါးပါးမှောက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမနဲ့ အမှတ်တံဆိပ်ကို တုပထားပြီး မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]
Continue Reading