Fact Check: ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင် အမြန်ထုတ်ကြပါဆိုတဲ့သတင်းမှား

ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရပြီး ငတ်ပြတ်ကိန်း ဆိုက်ပြီ အရေးပေါ်သတင်း ဆိုပြီး သတင်းခေါင်းစဥ်တု ပြုလုပ်ကာ သတင်းအမှား ဖြန့်ဝေတဲ့ ဗွီဒီယိုပို့စ်တွေဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှု ရှိခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင်#အမြန်ထုတ်ကြပါ#အရေးကြီးပြီ”လို့ ရေးသားပြီး “Best Page” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရ ငတ်ပြတ်ကိန်းဆိုက်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါပထမဆုံးသတင်းတစ်ပုဒ်ဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရဝန်ထမ်းတွေဟာ […]

Continue Reading

Fact Check: KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်မှား

KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ KBZ PAY အကောင့်တွေ ပိတ်သိမ်းခံရမှုအကြောင်းသာပါဝင်ပါတယ်။ သတင်းခေါင်း စဉ်မှားအသုံးပြုပြီး လူတွေကိုလှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါ screenshots ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၂၁ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ ဗွီဒီယိုထဲက  Thumbnail ဓာတ်ပုံစာသားမှာလည်း “(21)ရက်နေ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ ဦးတေဇ ပြေပြီးတဲ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”စသည်ဖြင့်ပါဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေက ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့  […]

Continue Reading