Fact Check: NUG နဲ့ဆွေးနွေးလိုကြောင်း စစ်တပ်ကြေညာတဲ့ သတင်းတု

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ဆွေးနွေးလိုတယ်လို့ စစ်ကောင်စီက ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUGနဲ့ ဆွေးနွေးလိုကြောင်း ကြေညာ CRPHအပါအဝင် NUGနဲ့အလွတ်သဘော တွေ့ဆုံလိုကြောင်း တရားဝင်ကြေညာ၊ NUG ပယ်ချလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။  အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “NUG […]

Continue Reading