Fact Check: နှင်းဆီပါတီဝင် ခြောက်သန်းက ပြည်ခိုင်ဖြိုးကို မဲပေးမယ်ဆိုတဲ့ သတင်းအမှား
ပြီးခဲ့တဲ့ရက်အတွင်း ပြည်ထောင်စုရွေးကောက်အပွဲကော်မရှင်က တရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖြတ်ခံ လိုက်တဲ့ United Democratic Party-UDP (နှင်းဆီပါတီ)ပါတီဝင် ခြောက်သန်းက ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးဖို့ဆုံးဖြစ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ ရပါတယ်။ ဒီပို့စ်မှာ “နှင်းဆီပါတီဝင် ၆သန်း ခြင်္သေ့ပါတီကို မဲပေးသွားမည်ဟုဆုံးဖြတ် -“ဆိုပြီး ရေးသားနေတာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး နှင်းဆီပါတီရဲ ပြောရေးဆိုခွင့်ရှိသူ ပါတီတွဲဘက်အတွင်းရေးမှူးဦးကျော်စွာထက်ဦးကို Fact Crescendo Myanmarက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “ပါတီဝင်ခြောက်သန်းဆိုတာ ယျေဘူဟုတ်တယ်၊ တကယ်တော့ ပါတီခြောက်သန်းမကရှိပါတယ်၊ ကျွန်တော်တို့က ဒီမိုကရေစီကို လိုလားတယ်၊ ဒါ့ကြောင့် ပါတီဝင်တွေကို ဒီလိုပြောထားတာမရှိပါဘူး။ […]
Continue Reading