Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်မှု သတင်းတု သတင်းမှားတွေပျံ့နှံ့
စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်မှုလို့ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ “တရုတ်နဲ့ သန်းရွှေကပါ မလိုချင်တော့တဲ့ မင်းအောင်လှိုင် နှုတ်ထွက်မဲ့ သတင်း တစ်နိုင်ငံလုံးပြည်သူများ နားထောင်ပေးပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်စာတင်တယ်လို့ ရေးသားမျှဝေထားပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ အတွေးအမြင် ဆောင်းပါတပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်တယ်။ မူလဆောင်းပါးကို ဒီလင့်ခ်မှာကြည့်ပါ။ ဧရာဝတီသတင်းဌာနရဲ့ မူလဖော်ချက်မှာလည်း စာဖတ်သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ “အားလုံးက မမြင်လိုတော့သည့် မင်းအောင်လှိုင် နုတ်ထွက်မလား”လို့ […]
Continue Reading