Fact Check: မင်းပြား၊မြောက်ဦး၊ ရသေ့တောင်နဲ့ ပေါက်တောကို AA သိမ်းပိုက်လိုက်ပြီ လား-မဟုတ်ပါ
ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့တွေကို ရက္ခိုင့်တပ်တော်(Arakan Army-AA)က သိမ်းပိုက် လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့ သတင်းမှားဖြစ်တယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ အကြား ထိတွေ့ တိုက်ပွဲ တွေရှိပေမဲ့ မြို့တွေကို သိမ်းပိုက်လိုက်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ AA ဘက်က အတည်အလင်းကြေညာ တာမျိုးလည်း မရှိပါဘူး။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “၁၃ ရက် မင်းပြားမြို့၊ ရသေ့တောင်မြို့ သိမ်းပိုက်လိုက်ပြီဟေ့ စစ်ခွေး(၁၂၀)သေဆုံး၊ ရခိုင်တပ်( AA)ချပါပြီ” တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ ထို့အပြင် အလားတူရေးသားဖြန့်ဝေမှုဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]
Continue Reading