Fact Check: နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု
နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်လို့ စစ်ကောင်စီက နေပြည်တော်ကို လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “၁၃ရက်နေ့ မအလပြေးပြီ နေပြည်တော်တစ်မြို့လုံးလက်လွှတ်လိုက်ရပြီဟေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ အလံ စိုက်ထူလိုက်ပြီ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link ဒီယူကျူ့ချန်နယ်ကပဲ နေပြည်တော်လေတပ်ဌာနချုပ် ရဟတ်ယာဉ်ကွင်းကို ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ရဟတ်ယာဉ် ၅ စီးမီးလောင်ပြာကျသွားပြီ၊ ရန်ကုန်စစ်ဌာနချုပ် ညကအင်အား အလုံးအရင်းနဲ့ ဝင်သိမ်း လိုက်ပြီးစသည်ဖြင့် ရေးသားဖြန့်ဝေထားရာမှာ အများအပြားက ဒီဗွီဒီယိုတွေကို ကြည့်ရှူ့ထားပါတယ်။ ဒီနေရာနဲ့ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို […]
Continue Reading
