Fact Check: မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု ရာဂဏန်းသေဆုံးပြီး လေယာဉ် ၅ စီးပျက်စီးခဲ့သလား-အထောက်အထားမရှိပါ
မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု လူ ရာဂဏန်းသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အထောက်အထားမရှိတဲ့ ချဲ့ကားရေးသားထားတဲ့ သတင်းတွေ သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျု့ဗွီဒီယို ပါစာသားကောက်နုတ်ချက်တွေဖြစ်တယ်။ ရေးသားဖြန့်ဝေမှုတွေကို ယူကျူ့ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ “လေယာဉ်ဂိုထောင်မီးလောင် လေတပ်စခန်းPDF(၃၀၀)ဝင်သိမ်း လက်နက်ကြီးမှန်လို့စစ်ခွေး(၄၇)ဦးသေဆုံး” “မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး(၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ တိုက်လေယာဉ်(၅)စီးပျက်၊ လူ(၅၀၀)သေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာ ဖော်ပြပေမဲ့ အခုလိုမျိုး အများအပြားသေဆုံးမှုသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ အောက်တိုဘာ ၂၂ ရက် ည ၉ နာရီလောက်မှာ လေယာဉ်ဆီ […]
Continue Reading